ဒီနေ့ Kim Seungmin ရဲ့ တက္ကသိုလ် ပထမဆုံးတက်ရမယ့်နေ့ဖြစ်တာကြောင့် Lee Know ကျောင်းလိုက်ပေးဖို့ပြင်လိုက်သည်...
ဒေါက် ဒေါက် ဒေါက်...
တံခါးခေါက်သံကြားတော့ Seungmin တံခါးဖွင့်လိုက်သည်..
"ဘာလဲ?''
"ပြီးပြီလား ကိုယ် ကျောင်းလိုက်ပို့ပေးမယ်''
"ပြီးပြီ သွားမယ်''
Seungmin လွယ်အိတ်ယူကာ Lee Know ဘေးးဖြတ်လျှောက်ပြီး အောက်ထပ်ကိုသာဆင်းဖို့ဦးတည်လိုက်သည်..
Lee Know လည်း ခေါင်းတခါခါနဲ့သာ Seungmin နောက်လိုက်သွားလိုက်သည်..
..............
ကားပေါ်တောင် တက်ပြီးပြီဖြစ်တဲ့ Seungmin ကထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်..
Lee Know လည်း မောင်းသူနေရာ ဝင်ထိုင်ဖို့ ကားတံခါးအဖွင့်...
Ring....Ring...Ring...
ဖုန်းလာတာကြောင့် အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ Contant Name ကြည့်လိုက်သည်...
"ဒေါ်လေး.....?''
Nameဖတ်နေရင်း နှုတ်က ယောင်ကာ လွှတ်ခနဲထွက်မိသွားသည်..
Seungmin ကလည်း သူ့ကိုကြည့်လာသည်..
"အဟမ်း ကိုယ့် ကိုယ့်အဒေါ်ပါ ခဏလေးနော် Seungmin''
"အင်း''
"ဟဲလို ဒေါ်လေး ပြော''
..
"Jeongin လား?''
..
"သြော် အင်းပါ အာ့ဆို ကျွန်တော့ အခုလာခေါ်လိုက်မယ်''
..
"အာ ရပါတယ် ဒေါ်လေး ရဲ့ ရတယ် အခုလည်း ကျွန်တော့်အိမ်က လူကို ကျောင်းလိုက်ပို့မလို့ပဲဟာ ရတယ် အခု ကျွန်တော်လာခဲ့မယ်''
..
"Nae ဒါဆို ဖုန်းချပြီနော်''
ဖုန်းချပြီးတာနဲ့ Lee Know ကားထဲဝင်ထိုင်လိုက်သည်..
"ဒါဆို ကိုယ်တို့ သွားကြမလား?''
Seungmin ခေါင်းညိမ့်ပြသည်...
"အင်း ဒါဆို ထွက်ပြီနော်''
...............
ကားပေါ်တွင် လေထုကအလွန်ပင်အေးစက်လှသည်....