အပိုင်း (၃၀) Zawgyi

116 6 0
                                    

ရင်ခွင်ထဲက ကလေးငယ်က ရင်ခွင်ထဲကနေ TV ကြည့်နေရင်း ငိုက်မြည်းစပြုလာသည်ထင် မျက်လုံးလေးတွေကမှေးစင်းလာသည်..

မကြာမှာ ကလေးငယ်က Hyunjin ရင်ဘက်ပေါ်မှာပဲ စိတ်လုံးလုံးချကာ အိပ်ပျော်သွားခဲ့ပြီ..

''Hwang hyunjin!''

Hyunjin နာမည်ခေါ်သံကြားတာကြောင့်လှည့်ကြည့်တော့ Lee Know ကိုတွေ့ရသည်..

လက်ညှိုးကိုသူ့ရဲ့နှုတ်ခမ်းပေါ်တင်ပြကာ တိတ်တိတ်နေပေးပါလားဆိုတဲ့အမူအရာကို Lee Know အားလုပ်ပြသည်..

Lee Know က အသာခေါင်းညိမ့်ကာ Hyunjin ရင်ခွင်ထဲက ငယ်လေးကိုကြည့်မိတော့ နှစ်ခြိုက်စွာအိပ်ပျော်နေသည်ကိုတွေ့ရတာမို့နားလည်သလိုဖြစ်ကာ ခေါင်းအသာညိမ့်ပြသည်..

Lee Know က hyunjin နားသွားပြီး Jeongin ကိုပွေ့ချီကာ အပေါ်ထပ် အခန်းကိုခေါ်သွားဖို့ပြုလိုက်သည်..

Lee Know ပွေ့ချီဖို့ကမ်းလာတဲ့လက်ကို hyunjin ကကိုင်လိုက်သည်..

Lee Know သူ့လက်ကိုကိုင်ထားတဲ့ Hyunjin ကိုကြည့်မိတော့ ခေါင်းခါပြသည်..

Lee Know လက်တွေက အလိုက်သိစွာJeongin ဆီမှဖယ်လိုက်သည်..

Hyunjin ကထို့အခုမှ ရင်ခွင်ထဲက Jeongin ကိုသတို့သမီးပွေ့သလိုပွေ့ချီလိုက်သည်.

Lee Know ကအလိုက်သိစွာ ရှေ့ကသွားကာ Jeongin အခန်းကိုလိုက်ပြစေသည်..

အခန်းထဲကအိပ်ယာပေါ် Jeongin ကိုအသာအယာချပေးပြီး စောင်ပါတစ်ခါထဲခြုံပေးလိုက်သည်..

မျက်နှာလေးက ဆံပင်ကြောင့်အုပ်မှိုင်းနေတာမို့ ဆံပင်လေးကိုအသာဘေးကိုသပ်ပေးကာ နဖူးထက်ကို hyunjin ကအနမ်းတပွင့်ခြွေလိုက်သည်...

Hyunjin နဲ့ Lee Know အခန်းတံခါးကိုဖွဖွပိတ်ကာ အပြင်သို့ထွက်လာလိုက်သည်..

Lee Know ကဦးဆောင်ကာစကားပြောစရာရှိတာမို့ hyunjin ကိုခြံထဲခဏလမ်းလျှောက်ရအောင်ပြောတာမို့ hyunjinကခေါင်းအသာညိမ့်ကာ Lee Know နောက်လိုက်သွားလေသည်..

ခြံဝင်းထဲမှာ ခုံတန်းလေးရှိပြီး ခုံတန်းဘေးမှာ ဝါကျင့်ကျင့် မီးတိုင်လေးလည်းရှိသည်..

Lee Know ကခုံပေါ်မှာထိုင်ကာ Hyunjin ကိုမေးဆက်ပြပြီးထိုင်ဖို့ပြောသော်လည်း hyunjin ကမထိုင်ဘဲ ခုံတန်းဘေးမှာရပ်နေသည်..

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Mar 05, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

More Than I Can SayTempat cerita menjadi hidup. Temukan sekarang