သီချင်းလေး တညီးညီးနဲ့ အပေါ်ထပ်ကနေ ဆင်းလာပြီး ထမင်းစားပွဲခုံအနားထိလျှောက်လာတဲ့ Seungmin ကို Lee Know သေချာလိုက်ကြည့်မိသည်...
Seungmin က Lee Know ကိုဂရုမစိုက်စွာမနက်စာ စားနေကျ ခုံမှာထိုင်ပြီး ခရားထဲက လက္ဘရည်ကို ငှဲ့ထည့်နေသည်..
နှုတ်ခမ်းမှ သီချင်းညီးသံလေးဟာလည်း
မရပ်သွားသေးတာကြောင့် Lee Know နားစွန်နားဖျားကြားနေရသည်..~never say goodbye မင်းနဲ့ငါက တစ်သားထဲမို့~~
လက္ဘရည်ကိုခွက်ထဲ ထည့်ပြီးသွားတော့ သီချင်းငြီးသံလေးကရပ်သွားသည်..
Seungmin က လက္ဘရည် တစ်ငုံသောက်လိုက် ကိတ်မုန့်စားလိုက်နဲ့လုပ်နေသည်..
''အ...အဟမ်း!''
Lee Know ရဲ့အသံပြုသည်က်ို Seungmin က မျက်လုံးလေးတစ်ချက်ဝင့်ကာသာကြည့်သည် ပြီးတော့ စားစရာရှိတာဆက်စားသည်..
''မင်း..လက္ဘရည်မသောက်ဘူးမဟုတ်လား?''
Seungmin က Lee Know အမေးကို ခွက်ကလေးကို ချကာဆိုသည်..
''လူပဲ အပြောင်းအလဲရှိမှာပဲလေ အမြဲ ဒါကြီးပဲလုပ်နေတာမှမဟုတ်တာ''
''ဘာရယ်?''
Lee Know ခေါင်းမှာ '?' နှစ်ခု သုံးခုလောက်ပြသွားသည်..
သူမေးတဲ့အမေးက ရိုးရှင်းတာထက်ပိုသည်ကို Kim Seungmin က ဘယ်လိုဟပြန်ဖြေလိုက်တာလဲ..
''ငါက မင်းသောက်ဖို့ အဒေါ်ကြီးကို နွားနို့ပဲမှာထားလို့ အဲ့တာမေးကြည့်တာ''
''ကျေးဇူး ဒါပေမယ့် အခု ကျွန်တော် လက္ဘရည်ပဲသောက်လို့ဖြစ်တယ်''
''အဟမ်း ကောင်းပြီလေ ဒါဆို ငါသွားမယ် မင်း ဒီနေ့ ကိုယ့်ဘာသာကျောင်းသွားလို့ရတယ်မလား? ငါလမ်းကြုံဝင်လိုက်မပို့တော့ဘူးနော် ငါ Jeonginလေးကိုဝင်...''
''ရတယ်! မလိုဘူး!''
''ဒီမှာ ငါစကားပြောနေတာကို ဖျက်...''
Lee Know စကားပင်ဆုံးအောင်မပြောလိုက်ရသေးခင်မှာပဲ Seungmin က လက္ဘရည်ခွက်ကို တကျိုက်ထဲမော့သောက်ကာ လွယ်အိတ်ကောက်လွယ်ကာ ထွက်သွားလေသည်...