"ဘာလုပ်နေတာလဲ Lix''
အနောက်က စကားသံကြောင့် Felix ကိုယ်လေးပင် တုန်တက်သွားသည်..
Hyunjin ဘက်လှည့်ကြည့်မိတော့ လက်ထဲက. ပုံက မချရသေးချေ...
Hyunjin အကြည့်များက lix ဆီကနေပြီး လက်ဆီ အကြည့်ရောက်သွားသည်..
Lix က hyunjin ကြည့်မိတဲ့နေရာကို သတိထားမိမှ သူမှားမှန်းသိသွားသည်..
ဒါ သူများ privacy ကို ထိပါးမိ ပြီမဟုတ်ပေလား..
"ဟို ဒါ ဒါကလေး Hyun hyun....''
Lix က hyunjin စိတ်ဆိုးမည်ထင်သောကြောင့် စကားတွေပင် ထစ်ကုန်သည်...
Hyunjin ကစိတ်မဆိုးတဲ့အပြင် ပြုံးကာ lix လက်ထဲက ပုံကို အသာ ယူလိုက်သည်...
ပုံကို ယူပြီးအချိန်ခဏကြာတဲ့အထိ hyunjin ထို ပုံကို စိုက်ကြည့်နေသည်...
"ဟို ဟိုလေ Sorry Hyunjin ငါ စည်းကျော်သလို ဖြစ်သွားတယ်''
Lix အသံကြားတော့ hyunjin က ခေါင်းလေးပြန်ထောင်ကာ ပြုံး၍ကြည့်လာသည်...
"ရတယ် Yong Bok ဘာမှမဖြစ်ပါဘူး ပြီးတော့ ဒါကလည်းအတိတ်က အရိပ်မဲ တစ်ခုပဲဟာ''
ပြောပြောဆိုဆိုနဲ့ စားပွဲဘေးတွင်ထားထားတဲ့ အမှိုက်ပုံးထဲ hyunjin ထို မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံကို လွှင့်ပစ်လိုက်သည်..
"ဟင်?''
"ဘာမှ မဟုတ်ဘူး Lix အဲ့တာက အမှိုက်တစ်ခုပဲ ဒါကြောင့် ငါလွှင့်ပစ်လိုက်တာ''
Felix လည်း ဝမ်းနည်းရိပ်ပြေးသွားတဲ့ hyunjin မျက်လုံးကြောင့် ဘာမှဆက်မမေး ဖြစ်ခဲ့ချေ...
"ထိုင်လေ lix အသီးစားကြမယ်''
"အာ...အင်း အင်း''
...............................
တက္ကသိုလ် အပ်ဖို့ Hyunjin နဲ့ Felix တို့အတူတူ Seoul University ကိုရောက်နေကြသည်....
သို့သော် ကျောင်းအပ်တဲ့နေရာထိတော့မရောက်သေးချေ...
အကြောင်းက...
Hyunjin တို့ ထိုင်နေတဲ့ခုံတန်းနား ပြေးလာတဲ့နှစ်ယောက်...
"ဟော ဟဲ ဟော ဟဲ''
"သြော် လာသေးတယ်နော် Han Jisung နဲ့ Seo Changbin!!''
အသံမာမာနဲ့ပြောနေတဲ့ သူတို့ သူငယ်ချင်းစိတ်တိုနေမှန်း Jisung တို့သိလိုက်ပြီ ဖြစ်သည်...