အပိုင်း(၁၈)Zawgyi

162 13 1
                                    

ကတိအတိုင်း Monday ရောက်တော့ Hyunjin ဟာ မနက်စောစောစီးစီး Jeongin ကိုလာပို့ခဲ့သည်...

သို့ပေမယ့် မိမိမှာတော့ လိုက်ပို့တဲ့ ဒင်းကို ကျေးဇူးမတင်ချင်ဘဲ ဖနောင့်နှင့်သာ ပိတ်ကန်ချင်စိတ်သာဖြစ်မိသည်...

ပို့မယ့်ပို့တော့လည်း Jeongin အိမ်ရှေ့ထိ BMW ကားအနက်ကြီးနဲ့လာပို့တဲ့ Hwang Hyunjin က မိမိကို အသေ သတ်နေသလိုပင်..

အန်ကယ်တို့ကို Jeongin က Vacation ထွက်ဖို့ သူ့ကို ခဏခဏပူဆာတာကြောင့်အချိန်ရတုန်း သူလိုက်ပို့ခဲ့ကြောင်း ပြောထားခြင်းဖြစ်သည်..

မိမိကိုယ်တိုင်ကလည်း သောကြာနေ့ညကတည်းက အန်ကယ်တို့ကိုပြောပြီးတာနဲ့ အပြင် Hotel မှာ နေနေရသည် မနက် ခုနှစ်နာရီလောက်ကျတော့ ဆက်သွယ်လာတဲ့ ဖုန်းနံပါတ်စိမ်းကြောင့် ကိုင်လိုက်ပေမယ့်...

*Jeongin ကို ပြန်လာပို့မယ်* လို့သာပြောပြီး ဖုန်းချသွားတဲ့တကောင့်သားကြောင့် မိမိမှာ ကပြာကယာ အိပ်ယာကထပြီး Jeongin အိမ်ရှေ့မှာစောင့်နေခြင်းသာ..

ထင်တဲ့အတိုင်း သကောင့်သားဟာ တကယ်ကြီးကို အိမ်ရှေ့ထိ လိုက်ပို့သည်...

တော်ပါသေးရဲ့ သကောင့်သားဖုန်းဆက်ပြီးနာရီဝက်နေလို့ သကောင့်သားကရောက်လာလို့ မဟုတ်ရင် မနက်ရှစ်နာရီခွဲ အလုပ်သွားချိန် Jeongin အကို ထွက်လာရင် ပြသနာက ရှင်းမရအောင်ရှုပ်ပေလိမ့်မည်...

ကားမောင်းသူဘေးက တံခါးပေါက်ရှေ့
ကပြာကယာသွားကာ ဖွင့်ပေးလိုက်ရသည်..

ဘာမှသိထားပုံမပေါ်တဲ့ Jeongin လေးက မိမိကိုတွေ့သော မျက်လုံးပြူးပြီးကြည့်လာသည်....

မတွေ့ရတဲ့ ပိတ်ရက်အတော်အတွင်းမှာအတော်ပျော်တဲ့ပုံပေါ်နေတဲ့ Jeongin က မျက်နှာလေးက ကြည်လင်နေသည်...

Hoodie ခေါင်းစွတ်အဖြူထဲ နစ်မြုပ်နေတဲ့ ကလေးပေါက်က တကယ်ကို မြင်သူတိုင်း ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည်စေပါရဲ့...

ပါးပြင်လေးကို တစ်ခုခုဖြစ်သေးလားဆိုတဲ့ စိုးရိမ်စိတ်နဲ့အသာထိမိတော့ jeongin က ကြောက်ကြောက်လန့်လန့်နဲ့ စကားထွက်လာသည်....

"Hyung hyung အဲ့ အဲ့တာကလေ...''

"အင်း hyung သိတယ် Hwang hyunjin Hyung ကို ခွင့်တောင်းထားတယ်''

More Than I Can SayHikayelerin yaşadığı yer. Şimdi keşfedin