''အဆင်ပြေပါတယ် Mr လူနာက စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အားနည်းသွားတာပါ အခု ကျွန်တော်ချိတ်ပေးတဲ့ drip ကုန်ရင် အားပြန်ပြည့်ပါလိမ့်မယ်''
Lee Know က Jeongin ကုတင်ဘေးက ခုံပေါ်မှာ ထိုင်ကာ လှဲနေတဲ့ Jeongin လက်ကလေးကိုဆက်ကိုင်ကာ ညီငယ်ဖြစ်သူကိုကြည့်နေလျက်ရှိသည်...
ဆရာဝန်စကားဆုံးတော့ Lee Know က ဆုပ်ကိုင်ထားတဲ့ Jeongin လက်ကလေးကို မူလနေရာ ရင်ဘက်လေးပေါ်မှာပြန်ထားပေးပြီး စောင်ကိုလည်း ရင်ဘက်လုံတဲ့အထိပြန်ခြုံပေးလိုက်သည်..
''ကျေးဇူးတင်ပါတယ် Doctor''
''ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါ''
''ကောင်းပါပြီ''
ဆရာဝန်ထွက်သွားတော့ Lee Know က Jeongin မျက်နှာပေါ်ဝဲကျနေတဲ့ ဆံစအချို့ကို ဘေးကိုသပ်တင်ပေးကာ နဖူးကို ငုံ့နမ်းလိုက်သည်...
နမ်းတာကြောင့်မျက်နှာအနားကပ်နေတဲ့ Lee Know ဟာ ညီဖြစ်သူရဲ့အိပ်နေတဲ့မျက်နှာလေးကိုကြည့်ရင်းနောက်တစ်ကြိမ် မျက်ရည်ဝေ့လာမိသည်..
''hyungကအဆင်ပြေအောင်လုပ်ပေးမှာမို့ Jeongin လေး ပျော်ရွှင်စေမယ်နော်..Hyung ရဲ့ညီလေး Hyung ကမင်းကို အရမ်းချစ်တယ်နော်...''
Lee Know က ကျလုစဲစဲဖြစ်တော့မယ့် မျက်ရည်တွေက ညီငယ်ဖြစ်သူရဲ့မျက်နှာပေါ်ကျမည်စိုးသောကြောင့် ချက်ချင်းပင် ကိုယ်ခန္ဓာကိုယ်ကိုမတ်ကာ မျက်ရည်ကိုဖိသုတ်လိုက်သည်...
ကျောခိုင်းကာ ဆေးရုံအခန်းငယ်လေးကနေ တိတ်တဆိတ် ထွက်ခွာခဲ့သည်..
မှေးဆက်နေတဲ့ Jeongin မျက်ဝန်းထောင့်မှ မျက်ရည်တွေကျဆင်းလျက်ရှိသည်ကိုတော့ Lee Know မမြင်ခဲ့ချေ...
....................
''အ!! နာတယ် ခင်ဗျား လွှတ် ကျွန်တော့ကိုလွှတ်!!''
Lee Know Hyunjin ကိုအဖော်ပြုပေးနေတဲ့ Seungmin ကိုပါ ဆေးရုံကနေ ခပ်ကြမ်းကြမ်းဆွဲခေါ်လာသည့်အပြင် အခု အိမ်ပေါ်တက်တဲ့အထိ လက်ကိုအကြမ်းပတမ်းဆွဲခေါ်လာသည်မို့ Seungmin ဆီမှ အသံထွက်လာသည်..
ညီငယ်ကိုတော့ စောင့်ကြည့်ဖို့ Jeonghyun ကို အကျိုးအကြောင်းဖုန်းဆက်ပြီးသာ လှမ်းခေါ်လိုက်ရသည်..