"ခင် ခင်ဗျား ရှေ့မတိုးလာနဲ့နော်!!!''
Lee Know က အနောက်ကို ဆုတ်နေတဲ့ Hannie နား တဖြည်းဖြည်းတိုးသွားသည်...
"ခင် ခင်ဗျား ကျွန်တော် မအော်ရဲဘူးမထင်နဲ့နော်''
"Hannie.... hyung ပြောတာ နားထောင်ပါဦး''
"ဘာ ဘာပြောမလို့လဲ?''
"Hyung က ဂန်ထေးမင်ရဲ့ သူငယ်ချင်းဆိုတာသိထားတယ်မလား?''
"သိတာပေါ့ ပြီးတော့ ဟို့အကောင် အဲ့လေ Kim Seungmin ရဲ့ ယောက်ျားဆိုတာလည်းသိတယ်''
Lee Know jisung ရဲ့အပြောကြောင့် ရှေ့ဆက် ပြောရမယ့် စကားတောင် ပျောက်သွားလေသည်.....
"ကဲ ဟုတ်ပါပြီ ထား ပါတော့...... hyung က hannie နား လာတာ ဘာမှ မကောင်းတာ လုပ်ဖို့မဟုတ်ဘူးနော်.... hyung က hannie ကို ဂန်ထေးမင် မွေးနေ့သွားဖို့ လာခေါ်တာပါ''
"ဟင် Hyungထေးမင်??''
Jisung ထိုအခါမှ တစ်ခုခုကို သတိရဟန် ဖုန်းထုတ်ကာ ကြည့်လိုက်သည်..
"အာ ဟုတ်သား ဒီနေ့ ထေးမင် hyung မွေးနေ့ပဲ ''
"အင်း အခုရော hyung နဲ့ လိုက်ခဲ့လို့ရပြီလား Hannie? "
Jisung အရှေ့က Mr.Lee ကိုကြည့်တော့ နွေးထွေးပြီး မိမိအပေါ်လည်း သဘောကောင်းတဲ့သူဖြစ်တာကြောင့် စိတ်ထဲမှာတော့ အမျိုးအမည်မသိတဲ့ ကြည်နူးမှုလေး တစ်ခုရလိုက်သည်...
Jisung က တစ်ယူသန် လူမျိုးမဟုတ်ပေ လုပ်သင့်တာ ဖြစ်သင့်တာတွေ အကုန်သိသလို ပြသနာ တစ်ခုနဲ့ တစ်ခုကို ဘယ်တော့မှ ရော မထွေးဘူး..
အခု အရှေ့က Lee Minho ဆိုတဲ့လူက Kim Seungmin ရဲ့ ယောက်ျား hyunjin ရဲ့ ရန်သူ ဖြစ်သော်ငြားလည်း
အခု ကြည့်ပုံအရ Mr.Lee က မိမိအပေါ်တော့ ဘာမှ လုပ်မယ့် လူစားမဟုတ်တာကြောင့် တစ်ခေါက်လောက်တော့ အရှေ့က ထိုလူသား ကို ယုံကြည့်ချင်မိတယ်.....
Jisung လိုက်ဖို့သဘောတူတော့ Lee Know နှစ်ခြိုက် စွာ ပြုံးမိသည်...
ဒါဟာ သူ့အတွက် မဟာ အောင်မြင်မှု မဟုတ်ပေလား....
...........................
Jisung ကို Lee Know က ဂန်ထေးမင် ရှိတဲ့နေရာ Hannie အရင်က အချိန်ပိုင်းအလုပ်လုပ်ဖူးတဲ့ စားသောက်ဆိုင်သာ ခေါ်သွားလိုက်သည်..