********
"သား လာပါဦး''
ရုံးကနေပြန်လာတဲ့ သားဖြစ်သူ ကို ဧည့်ခန်းမှာထိုင်နေတဲ့ အမေ ဖြစ်သူ လှမ်းခေါ်လိုက်သည်...
"မနက်ဖြန် ကောင်လေးတွေရဲ့ မိဘတွေနဲ့တွေ့ဖို့ စီစဥ်ပြီးပြီ''
Lee Know ထိုစကားကြားတော့ အပြုံးမမည်သော အပြုံးတစ်ခုသာ ဆင်လိုက်သည်..
"ကြားလား သား''
"ကြားပါတယ်''
"ဟုတ်ပြီ မင်း လက်ခံဖို့ မျှော်လင့်တယ်''
"အဟက် လက်ခံပါတယ် လက်ခံရမှာပေါ့ စေ့စပ်ဖို့ကိစ္စ ဂျာနယ်တွေထဲတောင် ထည့်ပြီးနေပြီပဲ ကျွန်တော်က ဘာတတ်နိုင်မှာလဲ''
"Minho မင်း...ဒီအမေကို ဘယ်လိုပြောလိုက်တာလဲ!!''
"ကြားတဲ့အတိုင်းပဲ အမေ''
Lee Know ပြောချင်တာပြောပြီး ထထွက်ဖို့ ပြင်နေစဥ် အမေဖြစ်သူကို လှည့်ကြည့်ပြီး တစ်ခွန်းဆက်ဆိုသည်..
"ကျွန်တော် အမေ့စကားဆို တစ်ခွန်းမှ မပယ်ရှားခဲ့ဘူး ဒါကို အမေ ကောင်းကောင်းသိမှာပါ ဒါကြောင့် အမေ အဲ့ကောင်လေးရဲ့ မိသားစုတွေကို ထပ်ပြီး အနှောက်အယှက်ပေးဖို့ မစဥ်းစားပါနဲ့
အကယ်၍ အမေ Hannie တို့ မိဘတွေကို ထပ်ပြီး ထိပါးလာမယ်ဆိုရင် အခု အမေမြင်နေရတဲ့ Minho က အမေသိထားတဲ့ Minho ဖြစ်လာမှာအဟုတ်တော့ဘူး!''
Lee Know အပေါ်ထပ် သူ့အခန်းထဲ ရောက်တော့ တင်းကျပ်စွာ စည်းထားတဲ့ နက်ကတိုင်ကို ခပ်ကြမ်းကြမ်း ဆွဲဖြုတ်လိုက်သည်...
"အားးးးး ဘာလို့လဲ ငါမှလဲ!!''
Lee Know ပေါက်ကွဲကာ စိတ်လိုလက်အရ အော်မိသည်...
ထိုကောင်လေးကို ကာကွယ်ဖို့အတွက်သာ ဒီလမ်းကိုရွေးချယ်ခဲ့တာ ဒါပေမယ့် အနှီးကောင်လေးက မိမိကို ဘယ်သူဘယ်ဝါမှန်းတောင်မသိသေးဘူး....
စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်တောင်းနေတဲ့ ကောင်လေးရဲ့ သနားစဖွယ်မျက်နှာထားလေး...
သူငယ်ချင်းရဲ့ကောင်းမှုကြောင့် ထိုစားသောက်ဆိုင်မှာ ညစာ လာစားဖို့ ဖြစ်လာခဲ့တယ်....