အပိုင်း (၁၇)

427 46 0
                                    

မနက်စာ စားသည်နှင့် မတူအောင်ပင် တိတ်ဆိတ်နေသော မနက်ခင်းမှာ Seungmin တစ်ယောက် အနေခတ်စွာ မနက်စာ စားပွဲဝိုင်းတွင် ထိုင်နေလျက်ရှိသည်..

စားပွဲ ရှည် လေးထောင့်ရဲ့ ထိပ်မှာ ထိုင်ကာ မည်သည့်စကားမှမပြောပဲ ရုပ်တည်နဲ့သာ ကော်ဖီကို အေးအေးလူလူနဲ့သောက်နေတဲ့ Lee Know ကြောင့် Seungmin မိမိ သောက်နေတဲ့ နွားနို့ခွက်ကိုပင် အယောင်အမှားမှား ချလိုက် မလိုက် လုပ်မိသည်မှာလည်း အကြိမ်မနည်းတော့ချေ....

အမြဲတမ်း Lee Know ကို တကျတ်ကျတ်နဲ့ ရန်သတ်နေတဲ့ မိမိက အခုလို မိမိရဲ့ ရန်သူတော်ကြီးက စဥ်းစားခန်းဝင်ပြီးငြိမ်နေ သည်ကိုလည်း Seungmin အလိုမကျဖြစ်ရသည်...

ဒုတ်!

ရုတ်တရက် လက်က သတိမထားမိဘဲ နွားနို့ထည့်ထားတဲ့ ခွက်ကို စားပွဲပေါ် ကိုလွှတ်ချ
မိသလိုဖြစ်သွားသည်..

lee know က ထိုအခါမှ အသိဝင်လာဟန် Seungmin ကိုလှမ်းကြည့်သည်...

မိမိကို ကြည့်နေတဲ့ Lee Know ကြောင့် Seungmin မှာ အယောင်ယောင်အမှားမှားတွေဖြစ်ကုန်သည်..

"အ အဟမ်း ဆော ဆောရီး လက်ကချော်သွားလို့...''

Lee Know က ဘာမှဆက်မပြောဘဲ ကော်ဖီခွက်ကို ကိုင်ကာ အဝေးတစ်နေရာသာ အချိန်တော်တော်ကြာစိုက်ကြည့်ပြန်သည်..

Kim Seungmin အနေနဲ့လည်း Lee Know ငြိမ် နေရတဲ့အကြောင်းအရင်းကို သိချင်လှသည်..

ဒါကြောင့် Lee Know ကို Seungmin က စကားစဖို့ပြင်လိုက်သည်...

"ဟို ဟိုလေ ဒီမှာ... ခင် ခင်ဗျား အလုပ်ကအဆင်မပြေဘူးလား?''

Lee Know က အလုပ်ကိစ္စနဲ့ပတ်သတ်ရင် တစ်ခါတစ်ခါ အရမ်း Serious ဖြစ်တာကို သိတဲ့ Seungmin ကမေးလိုက်ခြင်းဖြစ်သည်..

Lee Know က Seungmin သူ့ကို ဂရုစိုက်တာကို သိတော့ ပြုံးကာ ခေါင်းခါပြသည်..

"ဟင့်အင်း အဆင်ပြေတယ် ဒီတိုင်းပဲ...''

လက်ကျန် ကော်ဖီကို အပြတ်ဖျက်ပြီး Lee Know က ခုံနောက်မှာချိတ်ထားတဲ့ Coat ကို ယူလိုက်ကာ အလုပ်သွားဖို့ပြင်လိုက်သည်..

"ဒီ ဒီနေ့က စနေနေ့ကြီးလေ..ဘာလို့?''

"အာ အင်း ကိုယ် အရေးပေါ် အစည်းအဝေး Company မှာရှိလို့''

More Than I Can SayTempat cerita menjadi hidup. Temukan sekarang