2.14

2.5K 354 23
                                    

Unicode

ဆရာရွှီ၏ ချစ်သူကို ရီကျင်း ရှာနေခဲ့သည်မှာ နေ့တစ်ဝက်လုံးကြာပြီဖြစ်၍ မတွေ့ဘဲ စိတ်ပျက်လာသည်အထိပင်။

သူ ဘယ်လိုလုပ်ရပါ့ ဟင်?
ဆရာရွှီက သူ့ကို စိတ်ဆိုးမှာလား?
သူ ဘယ်လောက်ဆန္ဒရှိရှိ ထိုသူ့ကိုရအောင်ရှာခဲ့မည်ဟု ပြောခဲ့ရမှာမဟုတ်။ ယခုမှ နောင်တတွေရ။

ရီကျင်း ဆရာရွှီ
၏ဝိုင်းသို့သာ တန်းတန်းသွားလိုက်သည်။ ဝိုင်းထဲပင် မဝင်ရသေး...သူ၏ အဖော်
တပည့်အချို့နှင့် ဆုံရ၏။ သူတို့ကလည်း သူ့ကို ဂိုဏ်းထဲမှာတွေ့ရသောကြောင့် အံ့သြနေကြသည်။ သူ့ကို တောင်နောက်တွင်သာ ကျင့်ကြံရန် သတ်မှတ်ခံထားရကြောင်း သူတို့အသိမို့။

"အစ်ကိုရီ ဒီမှာဘာလုပ်နေတာလဲ?"

"ဟုတ်တယ်၊ဟုတ်တယ်... အစ်ကို့ကို တောင်အနောက်မှာ ကျင့်ကြံခိုင်းထားတာမဟုတ်ဘူးလား?"
သူတို့က နွမ်းနယ်
နေသောရီကျင်းကို မေးခွန်းများဝိုင်းမေး​တော့
သည်။


"ငါ..ငါ.. ဆရာရွှီကို လူရှာပေးဖို့ကတိပေးထားလို့..ဒါပေမဲ့ နေ့တစ်ဝက်လုံးရှာတာတောင် အဲဒီလူကို ရှာမတွေ့ဘူး"
ဟု ရီကျင်းက စိတ်ပျက်လက်ပျက်ပြန်ပြောသည်။

"အမ်..အာ?"
အငယ်များ မှင်တက်သွားမှန်းသိသာ၏။ သူက လူတစ်ယောက်ကို  ရှာဖို့တောင်းဆိုခဲ့တာလား?
ဒါပေမဲ့ ဘာကြောင့် သူက လွယ်လင့်တကူ အကူအညီယူရတာလဲ? ဒါ သူတို့သိသည့် ဆရာရွှီနှင့်မတူပေ။

"အာ..အဲဒီလူက ဘယ်သူလဲ? ကျွန်တော်တို့လည်း ဝိုင်းရှာပေးရင်ပေးနိုင်မှာပေါ့ အစ်ကို"
အငယ်တစ်ဦးမှ ကမ်းလှမ်းလာသည်။ ကြေကွဲ နေသည့်ခွေးပေါက်လေးနှင့်တူသော သူတို့အစ်ကို၏မျက်နှာကို ကြည့်ရသည်မှာ စိတ်မချမ်းသာ။

သူတို့၏ အစ်ကိုက အရပ်ရှည်ရှည် လူကောင်ထွားထွားဖြစ်သော်ငြား ဆရာဝူ၏တပည့်များထဲတွင်မူ အကြင်နာတတ်ဆုံးနှင့် အနူးညံ့ဆုံးနှလုံးသားပိုင်ရှင်တစ်ဦးပေ။

ထို့ကြောင်
ရီကျင်းသည် အဖော်တပည့်များ၏ ချစ်ခင်ခြင်းကို အထူး ခံရသည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now