2.05

3K 469 19
                                    

Unicode

ဒေါကြောင့် နီမြန်းနေပါသည့်ပါးပြင်၊ ရီဝေဝေမျက်ဝန်းများ၊ ချယ်ရီပန်းအနုရောင် ထိုနှုတ်ခမ်းလေးနှင့် ကြွေဖြူရောင် အသားအရေ...ထိုကဲ့သို့သော အလှလေးနှင့် ယွိယန် မျက်နှာချင်းဆိုင်နေခဲ့သည်။ သူ၏ နှလုံးသားမှာ ဆောက်တည်ရာမဲ့ကာ လှပ်ခနဲ တစ်ချက် ခုန်သွား၏။

စိတ်ထိခိုက်၍ ဒေါသထွက်နေသော ကျန်းယွမ်ကို ယွိယန် ချောင်ပိတ်ထားသည်။

"ယွိသခင်လေး...ခင်ဗျား ဘာအတွေးနဲ့ ဒီလိုတွေလုပ်နေတာလဲ?"

ကျန်းယွမ်က စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။

ယွိယန် ခံစားချက်တစ်စုံတရာမပြဘဲ အလွန်လှသည့်ထိုအမျိုးသား၏ မျက်နှာကို ဆက်လက်ငေးကြည့်နေခဲ့သည်။

"မင်း။ မင်းဘယ်သူ့အကြောင်းတွေးနေတာလဲ?"

ယွိယန်က မကြာခင်ကအတိုင်း တူညီသောမေးခွန်းကို တူညီသော အန္တရာယ်များသည့်အသံနှင့် နောက်တစ်ကြိမ်ထပ်မေး၏။

" ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ?"

ကျန်းယွမ်က ဒေါနှင့်မောနှင့်တဗျစ်တောက်တောက်ပြော၍ လွတ်မြောက်ရန်ကြိုးစားသည်။

"ငါ့ကို ပြန်မမေးနဲ့..သ..ခင်..လေး ..ကျန်း.."

ယွိယန်က ထိုစကားလုံးများကို အားပါပါဖိ​ပြောလိုက်ပြီး ခက်ထန်စွာစိုက်ကြည့်၏။

ကျန်းယွမ် မတတ်နိုင်.. နည်းနည်းတော့ကြောက်မိသည်။
'ခင်ဗျား
ဘာတွေဖြစ်နေတာလဲ ဟမ် ...အဲဒါ ကျွန်တော့်ကိစ္စလေ.. ခင်ဗျားကိစ္စမဟုတ်ဘူးလေ..ကျွန်တော့်ကို လိုက်မနွယ်ပါနဲ့တော့'

ကျန်းယွမ် ရင်ထဲကကြိတ်ပြီး သည်းစွာငိုမိသည်။

" အဲ့.. အဲ့ဒါ ကျွန်တော့် သူငယ်ချင်း"

ကျန်းယွမ်သည် ယွိယန်နှင့် မျက်လုံးချင်းစုံရမည့်အရေးကို ရှောင်ရှားရန် မျက်နှာကိုလွှဲကာ ပြန်ဖြေလိုက်၏။

အလိမ်အညာများနှင့်ပတ်သတ်လျှင် အင်မတန်ခံစားလွယ်သည့် ယွိယန်က ကျန်းယွမ်ကို စူးစူးနစ်နစ်ကြည့်သည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now