1.11

11.3K 1.3K 64
                                    

Unicode

အချေ့ တို့ဗျ အထူးရေးတာတွေ အဆင်ရော ပြေရဲ့လား။ ဘယ်တစ်ပုဒ်ကို ပိုကြိုက်ကြလဲ။ တစ်ပိုင်းတစ်ပိုင်းကို အရှည်ကြီးမရေးနိုင်တာတော့ ခွင့်လွှတ်ပါဗျာနော။ အားတာနဲ့တော့ ရေးရေးတင်ပါ့မယ်။ love u, all of u!

__________________

"အာ..တော်ပါတော့ ။ သူ့ကို အိမ်ထဲသွင်းပြီး ယောင်နေတဲ့ နဖူးကို တစ်ခုခုလုပ်ရမယ်" လို့ ကျွင်းခယ်ကပြောပြီး လင်းရှောင်ကို ပွေ့ချီပြီးသယ်ဖို့ကြိုးစားတယ်။ သို့သော်လည်း ရှောင်းဟန်က သူ့ထက် လက်သွက်သူဖြစ်တယ်။

ရှောင်းဟန်က ရွှယ်မင်ကို သူ့ရဲ့ လက်မောင်းတွေကြားမှာပွေ့ချီလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့အိမ်ဆီသို့ လျှောက်သွားတော့တယ်။

ကျန်ခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ကတော့ ထွက်သွားပြီဖြစ်တဲ့ သူတို့သူငယ်ချင်းရဲ့ နောက်ကျောကို ကြည့်ပြီး သူတို့မေးတွေ မြေပြင်ပေါ်ပြုတ်ကျကုန်တော့တယ်။

အံ့ဖွယ်ပဲ!
ဒီလို ဂရုမစိုက်တတ်
အကြင်နာမရှိ အေးစက်တဲ့ ဘယ်သူသေသေ ငတေမာပြီးရောလူစားက တွေ့ကရာ တစ်ယောက်ကို အခုလို သယ်သွားတယ်ပော့လေ ။သယ်တာတောင် သတို့သမီးပွေ့ချီတဲ့ ပုံစံနဲ့? (bridal style)

ကျွင်းခယ်တစ်ယောက် မူးမေ့လဲသွားမလို ခံစားနေရချိန်မှာ လင်းယွီကတော့ အိပ်မက်လားလို့ သူပါးသူပြန်စမ်းကြည့်နေတယ်။

အကျိုးသင့်အကြောင်းသင့် မတွေးတတ်တော့လို့ ကျွင်းခယ်က
"ဘယ်လိုတောင် ဖြစ်သွားရတာလဲ"
လို့မေးလာတယ်။

"ရှောင်း..ရှောင်းဟန်က သူ့ရဲ့ အိမ်တော်ဆီ လူတစ်ယောက်ကို ပွေ့သွားတယ်??" လင်းယွီက မသဲမကွဲရေရွတ်တယ်။

"သွား...သွားရအောင်"

ကျန်ခဲ့တဲ့သူငယ်ချင်းနှစ်ယောက်လည်း သူတို့သူငယ်ချင်းနောက်ကို အယောင်ယောင်အမှားမှားနဲ့
လိုက်သွားဖို့ လုပ်ပါတော့တယ်။

__________

*ပိိုင် အိမ်တော်*

သူတို့ ကို အသက်ရှူရပ်သွားစေတဲ့ မြင်ကွင်းက ဘာလဲ။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now