1.18

9.9K 1.2K 74
                                    

Unicode


အကိုထူးလေး ကတိတည်တယ်နော်
____^-^____

ဒီည up ပေးမယ် ပြောထားတာ။
နောက်ညတော့ ထပ်မချွဲနဲ့တော့
အားသေးလို့ ...နော်..နော် 😊
_______________

အခု ငါတို့ လေဆိပ်မှာ ငါ့ရဲ့အဖွဲ့ဝင်တွေကို စောင့်နေတာဖြစ်တယ်။ ငါက ပိုင်ရှောင်ဟန်ကို ငါနဲ့အတူလိုက်ဖို့ သဘောတူခဲ့ရပေမဲ့ သူက သူ့ရဲ့ကိုယ်ပိုင် ဂျက်နဲ့ သက်သက်စီသွားရမယ်လို့ ကန့်သတ်ထားတယ်။ ဘယ်နှနာရီမှ မကြာခင် ထိုင်ဝမ်မှာ ငါတို့ပြန်ဆုံမှာဖြစ်လို့ ငါ့ကို ငါ့ရဲ့အဖွဲ့ဝင်တွေနဲ့အတူသာ ပေးသွားဖို့အကြောင်း နာရီပေါင်းများစွာ စည်းရုံးလိုက်ရတယ်။ ဒါလေးက ဝမ်းနည်းစရာမှ မဟုတ်တာကို။

"ပိုင်ရှောင်ဟန်! ခင်ဗျား ဘာလုပ်နေတာလဲ"
သူ့က ငါ့ကို ဆက်လက်ကပ်တွယ်ထားတယ်။ ရုပ်ဖျက်ထားပေမဲ့လည်း ငါရဲ့လက်တွဲဖက် သရုပ်ဆောင်တွေ အထူးသဖြင့် အများပြည်သူတွေက ငါသာ ဒီရွှေပေါင်လုံးတုတ်တုတ်ကြီးနဲ့ အတူရှိနေတာ မြင်သွားခဲ့ရင် ဘာဖြစ်မယ်မပြောနိုင်ဘူး။

"မရဘူး ဖက်မှာပဲ...ဒါမှ လူတွေက မင်းက ကို့ဟာလေးမှန်း သိကြမှာ" လို့ သူက ဇွတ်တရွတ်ပြောတယ်။

"တော်လိုက်တော့.....မဟုတ်ရင် ကျွန်တော်က အခြားတစ်ယောက်အတွက် ဖြစ်သွားမယ်" လို့ ငါ သူ့ကို ခြိမ်းခြောက် လိုက်တယ်။ သူက ငါ့ကို အေးစက်စက် မကျေမချမ်း ငုံ့ကြည့်ပြီး ပိုတောင် တိုးဖက်လိုက်သေးတယ်။

"စမ်းကြည့်လေ..." လို့ သူက ပြောပြီး သူ့ရဲ့မျက်နှာကို ငါ့လည်တိုင်မှာ ကပ်ကာ နှာသီးလေးနဲ့ ပွတ်သီးပွတ်သပ်လုပ်တယ်။ ပြီးတော့ အဲဒါကို ဖွဖွနမ်းတယ်။ နမ်းရာကနေ အဆင့်တက်ပြီး.....ဆွဲစုပ်တယ်။

"ဟေး....."ဆိုပြီး
သူ့ကို တွန်းဖယ်ဖို့လုပ်ပေမဲ့ နှစ်ယောက်တစ်ရွက်ဖြစ်နေမှတော့ ငါ ဘာတတ်နိုင်မှာလဲ။

TT

"ဟမ်း....မင်းက လှနေတာကိုး...အခု အဲဒါ မင်းကို အမှတ်မှတ်ပေးလိုက်ပြီ...မင်းကို ကို့ဆီကနေ တစ်ယောက်ယောက်ခိုးရဲ ခိုးကြည့် တွေ့မယ်" လို့ သူက ကြောက်မက်ဖွယ်ပြောတယ်။
အဲဒာနဲ့ပဲ သူငါ့ကို ချက်ချင်း love-bite ပေါ်အောင် စုပ်လိုက်တယ်ပေါ့လေ။ ငါသူ့ကိုကြည့်ပြီး အံ့သြဆွံ့အသွားတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now