2.06

3K 444 25
                                    

Unicode

TN /ဒါဒါလေးတို့နဲ့ facebook မှာလည်းသူငယ်ချင်းဖြစ်ချင်ပါတယ်ခင်ဗျ။ biography မှာ htoo-6ရဲ့ account link လေး ရှိပါတယ်။ ခင်မင်တယ်ဆို add ပေးကြပါဦး။

________________


ရှင်းရှင်းပြောရလျှင် ကျန်းယွမ်.. ကြောက်စရာယွိယန်ကို ရှောင်ချင်သည်။ ထို့ကြောင့် တံခါးပိတ်ကျင့်ကြံရန်ဆုံးဖြတ်လိုက်ပြီး သူ၏ ဓားသိုင်းကျင့်ဖက် ရီကျင်းနှင့် ဓားလေ့ကျင့်၏။

ယွိယန်ကို သုံးရက်လောက် မ​မြင်ရတော့ သူ့ရင်ထဲတွင်ဘယ်လိုကြီး
မှန်းမသိ...နောက်ဆုံးတွင် ထိုလူရမ်းကားကို အမြဲတွေ့ရသည်ကြောင့် သူ နည်းနည်း
အကျင့်ပါသွားတာဖြစ်မည်။

"အား..."

'သေစမ်း! ခြေကျင်းဝတ်!
ရလဒ်အနေဖြင့် ကျန်းယွမ် အခိုက်အတန့် အားမပြုနိုင်တော့ပေ။

"ကျန်းယွမ်...အဆင်ပြေရဲ့လား?"

ရီကျင်းသည် ကျန်းယွမ်ဆီ အပြေးလာပြီး ခြေကျင်းဝတ်ကို စစ်ဆေး၏။

"ကိုကြီးရီ...ကျွန်တော့်ပုံက အဆင်ပြေနေတဲ့ပုံပေါက်လို့လား?"

ကျန်းယွမ်က ဘုဆတ်ဆတ်ပြောသည်။ ရီကျင်းက ခေါင်းကို တဗြင်းဗြင်းကုတ်ကာ မတ်တပ်ရပ်လိုက်၏။

"ဒါဖြင့် ခဏစောင့်...ငါ ဆေးနည်းနည်းသွားယူဦးမယ်" ဟု ပြောကာ ထွက်သွား၏။

'သေစမ်း! နာလိုက်တာ ...ကောင်းကောင်းထောက်နိုင်တော့မှာမဟုတ်ဘူး။'

ကျန်းယွမ်သည် အခြားခြေထောက်တစ်ဖက်ကို အားပြုကာ ထရပ်လိုက်ပြီး ဝင်းတံခါးအနီးသို့သွားလိုက်သည်။ ထိုနေရာတွင် သူ အဆင်ပြေပြေထိုင်လို့ရမည့် ကျောက်တုံးတစ်တုံးရှိသည်။

ရီကျင်းက လက်ထဲတွင်ဆေးဝါးများကိုကိုင်၍ အပြေးအလွှားပြန်လာသည်။ သူက ကျန်းယွမ်၏ ခြေကျင်းဝတ်ကို ခပ်ကြမ်းကြမ်း ကွေးကာဆန့်ကာ ခါပစ်၏။ ဤဝက်ဝံကြီးကား အကြင်နာမဲ့လှသည်။

"အ..အား....ကိုကြီရီကျင်း ဖြည်းဖြည်းလုပ်ပါဗျ.. နာတယ်"

'ဖြည်းဖြည်းလုပ်ဟ...လူဆိုးကောင်ရ!'

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now