2.03

5.2K 654 30
                                    

Unicode

ကျန်းယွမ် သူ၏ ဆရာထံ သွားသောအခါ ဆရာက သူ့ကို ယမန့်နေ့ကတည်းက ပူတောင့်ပန်းပင်မျှော်နေခဲ့ခြင်းဖြစ်သည်။

"ဆရာ...စောစောမလာနိုင်ခဲ့တာ တပည့်တောင်းပန်ပါတယ်...ကျွန်တော့်ရဲ့ လက်ပန်းကျနေတဲ့ခန္ဓာကိုယ်ကို ပြန်ကုစားနေခဲ့ရလို့"
ဟုပြောရင်း တောင်းပန်သည့် အထိမ်းအမှတ်အနေဖြင့် သူ့ဆရာအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

"မဟုတ်တာ..မဟုတ်တာ...မင်းအဆင်ပြေနေသရွေ့ ဘာမှမဖြစ်ဘူး....ယွိယန်နဲ့ ပတ်သတ်ပြီးတော့...တော့... ဘာလို့ သူ့ကို ရုတ်တရတ် တစ်ယောက်ချင်းတိုက်ဖို့ စိန်ခေါ်ရတာလဲကွယ်"

ဆရာ ဝူက ထိုကိစ္စသည် မိန်းကလေးတစ်ယောက်နှင့်ပတ်သတ်ပြီး ဖြစ်ရသည်ဟု ကြားပြီးသားဖြစ်သော်လည်း သူ့တပည့်ကိုယ်တိုင်ကပေးလာမည့် ​အကြောင်းပြချက်ကို သိချင်သေးသည်။

အကယ်၍ ကျန်းယွမ်သာ ဤအဓိပ္ပါယ်မရှိသော အကြောင်းပြချက်ကို ဖွင့်ပြောဖို့ရာပါ ရှက်ရွံ့နေလျှင် သူ၏လူကြီးဘဝအထိ မျက်နှာပျက်..အမာရွတ်ကျန်ခဲ့တော့မည်။

"အဲဒါက ကျွန်တော်နှစ်သက်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်ပါတယ်ဆရာ" ဟု ကျန်းယွမ်က အရှက်ကြောင့် ခေါင်းကို အနည်းငယ်ငုံ့ပြီး ခပ်တိုးတိုးဝန်ခံသည်။

"ဒါပေမဲ့ ကျွန်တော် သူ့ကို နောက်ထပ်မနှစ်သက်တော့ပါဘူး...အဲဒီ သခင်လေးယွိယန်နဲ့ သူမက စိတ်တူကိုယ်တူတွေ ဆိုတာ ကျွန်တော်လက်သင့်ခံလိုက်ပါပြီ။"

ကျန်းယွမ်က ထိုကဲ့သို့ပြောပြီးလျှင် ခေါင်းမော့ပြီး သူ့ဆရာကို ကြည်ကြည်သာသာပြုံးပြလိုက်လေသည်။

အကြောင်းပြချက်တစ်ခုလုံး​ကိုကြားရပြီးနောက် ဆရာဝူက ပြုံးကာ လက်ဖက်ရည်သောက်လိုက်၏။ အာ..သူ့တပည့်က ယောက်ျားပီလာပြီပဲ
....ကျန်းယွမ်၏အဖိုးနှင့်သူ ကျန်းယွမ်၏အဖွားအတွက် တိုက်ခိုက်ခဲ့ကြတာကို မှတ်မိပါသေးသည်။ သူတို့က သူမ၏နှလုံးသားကိုဆွတ်ခူးရန် ကြိုးစားခဲ့ကြသည်။ သို့သော် ကျန်းယွမ်၏အဖိုးက ဉာဏ်များ၏.....သူတို့က ဘာရယ်မဟုတ် သဘောတူညီချက်တစ်ခုကိုချခဲ့ကာ သူ့ကို တိုက်ပွဲမှာ ရှုံးစေပြီး သေချာပေါက်  ကျန်းယွမ်၏အဖိုးက အနိုင်ရရှိခဲ့သည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now