2.02

4.5K 620 21
                                    


Unicode

2.02

ကျန်းယွမ်က သူ့အနိစ္စသတင်းကို ပြန်ကြားရလျှင်...ရယ်ရုံသာရယ်ပြီး ထိုကိစ္စကိုဘေးချိတ်ထားလိုက်သည်။ ရီကျင်းတော့ ဤသို့ကောလာဟလများပျံ့နေသည့်အပေါ် သိသိသာသာ ဒေါသပုန်ထနေလေ၏။

ရီကျင်းသည် သတင်းအမှားများကို ဖယ်ရှားချင်သော်လည်း ကျန်းယွမ်က သူဘာမှမပြော ရသေးခင်ပဲ ဒါက ဒီအတိုင်း ရယ်စရာလေးသာဖြစ်ကြောင်းပြောပြီးတားဆီးလို​က်သည်။ ရီကျင်းစိတ်ထဲ သူ့သူငယ်ချင်းက မိုက်မဲ သည်ဟုခံစားရသည်။ သူ့သူငယ်ချင်း၏ ပုံမှန်မဟုတ်ခြင်းမှာ ပဟေဠိဖြစ်ကျန်ခဲ့သည်။

အဲသည့်နေရာမှာ သူသာဆိုပါက ထိုကဲ့သို့ အပျက်စကားဖြန့်ဝေသူများကို နာနာရိုက်မိလိမ့်မည်။ တစ်စုံတစ်ယောက်ကို သေပြီဟု​ပြောဆိုခြင်းက ဘယ်လောင်တောင် နိမိတ်နမာမရှိလိုက်ပါသ လဲ.....

"ရီကျင်း...စိတ်တိုနေတာ ရပ်လိုက်စမ်းပါ...သူတို့ကျေနပ်သလိုပြောကြစမ်းပါစေ.."ဟု သူ့သူငယ်ချင်း၏ ရှုသိုးသိုးမျက်နှာကိုကြည့်ရင်း ပြောလိုက်သည်။

"သူတို့ မဟုတ်တရုတ်လျှောက်ပြောနေတာတွေ ရပ်ဖို့လိုတယ်...ကျန်းမိသားစုကသာ ဒါကိုကြားသွားရင်....သူတို့သေချာပေါက် ပြေးလာလိမ့်မယ်"
ဟု ရီကျင်းက သူ၏မျက်ခုံးကို ပိုမိုတွန့်ချိုးရင်း ပြောသည်။

"မစိုးရိမ်ပါနဲ့ ....ငါ ဆရာ ဝူဆီနောက်မှ သွားလိုက်ပါ့မယ်" ဟု ကျန်းယွမ်က ဆိုကာ သူ
အဆင်ပြေကြောင်း သေချာစေရန်ပြုံး၍ပြောလိုက်သည်။

_________

ကျန်းယွမ်က သူ့အကြောင်း ကောလာဟလနှင့်ပတ်သတ်၍ သူ့ကို ပျင်းရိမငြီးငွေ့ရအောင် ဟာဒယရွှင်ဆေး တိုက်ကျွေးဖျော်ဖြေနေသည့် ကိစ္စတစ်ခုဟုသာ ခံယူထားချိန်.......

တစ်ဦးတစ်ယောက်သောသူကတော့ ကျန်းယွမ်၏သေဆုံးခြင်းသတင်းများ ပျံ့နှံ့နေခြင်းနှင့်ပတ်သတ်ပြီး စိုးရိမ်ကြောင့်ကြလျက်ရှိသည်။

ကျန်းယွမ် အဆင်ပြေရဲ့လားလို့ သူ အတည်ပြု ချင်သော်လည်း မလုပ်နိုင်ပေ။ သူတို့၏ မိသားစုနှစ်ခုက အပြန်အလှန် တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေကြရာ အကယ်၍ သူ ထိုသို့ လုပ်ခဲ့ပါလျှင် လုံးဝ အုတ်အော်သောင်းတင်း အကျော်ဇေယျ ဖြစ်သွား ပေလိမ့်မည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now