2.04

3K 474 18
                                    

Unicode

အကယ်၍ ကျန်းယွမ်တစ်ယောက် ဆရာဝူ၏ ဝိုင်းသို့ သွားစဥ် ယွိယန်နှင့် မတော်တဆ ပက်ပင်းကြုံရသည့် ကမောက်ကမနေ့ရက်များကိုသာ သင် ထည့်သွင်းမတွက်ချက်ပါက ကျန်းယွမ်၏နေ့ရက်တိုင်းမှာ  အဆင်ပြေပြေ၊ချောချောမွေ့မွေ့ပဲဟု ပြော၍ရပါသည်။

ပထမပိုင်းတွင် ကျန်းယွမ်အနေဖြင့် မတော်တဆသက်သက်ပါဟု တွေးကာ တစ်ခုခု ထူးဆန်းနေသည်ဟုလည်း မစဥ်းစားမိ။ နှစ်ရက်လည်းမက၊ သုံးရက်လည်းမက၊ လေးရက်လည်းမက ၊ ငါးရက်လည်းမက....ယနေ့အထိဆိုလျှင် ယွိယန်နှင့် မတော်တဆကြုံရသည်မှာ ၈ရက်ရှိလေပြီ။

သူက သူ့ဆရာကို ယွိယန်၏ဆရာများ ဤဝိုင်းနှင့် အနီးမှာရှိသလားဟု မေးကြည့်ရာ ယွိယန်ဆရာ၏ ဝိုင်းသည် ဤနေရာနှင့် အလှမ်းဝေးသည့်အပြင် လောလောဆယ် ဂိုဏ်းအတွင်း၌ပင် မရှိဟု ဆရာဝူကဆို၏။

ထိုစကားကြောင့် ဤအမျိုးသားဇာတ်လိုက်က တစ်ခုခုများ ကြံစည်နေသလားဟူသည့်အတွေးနှင့် ကျန်းယွမ်၏ရင်ထဲတွင် ပူပန်မှုတို့တိုးလာရသည်။ ဇာတ်လိုက်မကတော့ သိမ်မွေ့သော မျက်နှာအတုကို ဆက်လက်အသုံးပြုကာ ကျန်းယွမ်က သူ့ကို ရင်ထဲအသည်းထဲက မကြိုက်ပါကြောင်း မြင်သာအောင်သဲလွန်စများပေးရင်းကပင်
ကျန်းယွမ်ကို စဥ်ဆက်မပြတ် တကျည်ကျည်လုပ်လျက်ရှိသည်။

ရီကျင်းကတော့ သူ့ဘေးမှာ တစ်ချိန်လုံးရှိနေပေး၏။

"ကျန်းယွမ်.. ပြီးရင်လေ 'သန္တိ နားဆောင်' ကို သွားပြီး နေဝင်ချိန်ကြည့်ရအောင်နော်...တကယ်ကို လှပြီး ထူးခြားမှာ"

နင်းရှီက ချောမောသည့် ကျန်းယွမ်ကိုကြည့်ကာ စိတ်ချမ်းမြေ့စရာ အားပါးတရပြုံးသည်။

ကျန်းယွမ် က သူစိတ်ပါဝင်စားမှုမရှိကြောင်းကိုပြရန် မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးလိုက်၏။

"တောင်းပန်ပါတယ် အစ်မနင်းရှီ  ဒါပေမဲ့ ကျုပ်နဲ့ သ...ကျန်းယွမ်က လုပ်စရာရှိသေးလို့ပါ"

ရီကျင်းက ကျန်းယွမ်ကို အဝေးသို့ဆွဲခေါ်သွားရာ နင်းရှီ၏မျက်နှာကြီး မဲမှောင်ကျန်ခဲ့တော့သည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now