1.24

11.4K 1K 64
                                    


Unicode

မနေ့က ဟိုဒင်းဟိုဟာလုပ် အပြီးမှာတော့ ရွှယ်မင်က လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားတယ်။ လုံးလုံးမလျှောက်နိုင်တာလားဆိုတော့လည်း မဟုတ်ဘူး။ဒာဆို လျှောက်နိုင်လားဆိုတော့လည်း မလျှောက်နိုင်ပြန်ဘူး။

သူရဲ့ တင်ပါးက နာကျင်လွန်းတာကြောင့် အနည်းငယ်လောက် ရွှေ့ကြည့်ရင်တောင် အကျိးဆက်က သေလောက်အောင်နာတယ်။

"ရှောင်းဟန်.."

ရွှယ်မင်တစ်ယောင် နိုးလည်းလာရော သူ့ချစ်သူကို ဒေါသတကြီး ကျုံးခေါ်တော့တာပါပဲ။

မနေ့ညက ကိစ္စပြီးသွားတဲ့နောက်မှာ သူ့ကိုယ်ကို အခု သပ်ရပ်သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်ပေးထားပါတယ်။ ညက သူ့ချစ်သူက သူ့ကို သုံးကြိမ်သုံးခါ လုပ်ခဲ့တာကိုသတိရနေတယ်။ သူ့မှာ သတိလစ်သွားပြီး ပြန်သတိရလာတာတောင် ထိုသူက ခံစားလို့ကောင်းနေတုန်း။

"မိန်းမ...ကို..စွပ်ပြုတ်လုပ်ထားတယ်"
ရှောင်းဟန်က ဘေးကစားပွဲမှာ စွပ်ပြုတ်ပန်းကန်ကိုတင်ရင်း ရွှင်ရွှင်ပျပျပြောတယ်။

"Your asshole! ခင်ဗျားကြောင့် ဒီမှာ မထနိုင်တော့ဘူး သိလား"ဟု ပြောကာ ရွှယ်မင်က လှုပ်ရှားမှုကြောင့် နောက်တစ်ကြိမ် နာသွားမှာကိုတောင် ဂရုမစိုက်တော့ဘဲ ရှောင်းဟန်ရှိရာကို ခေါင်းအုံးနဲ့ ပစ်ပေါက်ပါတယ်။

"မိန်းမ...ကို..တောင်းပန်ပါတယ်နော်....နောက်တစ်ကြိမ်ဆို နှစ်ခါပဲလုပ်မယ်ဟုတ်လား နှစ်ခါ" ဟု ရှောင်းဟန်က ရှက်ကိုးရှက်ကန်းပြောလိုက်သည်။

"နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး" ဟု သူ့ရဲ့ လက်နှစ်ဖက်ကို သိုင်းကာ ရွှယ်မင်က အော်လိုက်သည်။

ရှောင်းဟန်က ရယ်မောလိုက်ပြီးနောက် သူ့မယားကို စွပ်ပြုတ်ခွံ့တိုက်ပါ၏။

_________

သူ့တင်ပါးက မျက်တက်တက်ဖြစ်နေသေးသော်လည်း ယခုတော့ ရွှယ်မင် လမ်းလျှောက်နိုင်ပါပြီ။

သူ့မှာ ဓာတ်ပုံရိုက် သွားဖို့ ရှိသေးတယ်။ အခုမှပဲ Rex တစ်ယောက် တစ်ခာတရံ သူတို့ရဲ့ ဟိုဟာလုပ်တာ ပြီးတဲ့အခါတိုင်း လမ်းလျှောက်ရာမှာ နှေးတုံ့ နှေးတုံ့ ဖြစ်နေတတ်တာနဲ့ ပတ်သတ်ပြီး သူ လက်တွေ့ သဘောပေါက်သွားပါတော့တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now