2.12

3.1K 400 16
                                    

Unicode

မကြာခင် ဆရာဝူ၏ လက်အောက်မှ တပည့်သားအားလုံး ဝင်း၏အရှေ့တွင်စုမိသွားပြီ။

ဆရာဝူက တပည့်အပေါင်းကို အပြုံးနှင့်မျက်နှာချင်းဆိုင်၏။

"တပည့်တို့...ခေါင်းဆောင်
ဆီကနေ အကြောင်းကြားစာ
ရောက်လာတယ်။ ဒါကြောင့် ငါတို့ မနက်ဖြန် ပင်မရင်ပြင်ကို မပျက်မကွက်သွားရမယ်။ မှာချင်တာက
ဣန္ဒြေရရနေကြပါ။ မနှစ်ကလိုမျိုး အဆင့်မြင့်တပည့်တွေနဲ့ ရုတ်ရုတ် ရုတ်ရုတ်မဖြစ်စေနဲ့။ နားလည်ပြီလား...?မနက်ဖြန် ရုတ်ရုတ် လုပ်တဲ့သူကတော့ ကြိမ်ဒဏ်၂၀၀ရိုက်ခံရမယ်မှတ်"
ဆရာဝူက ခြိမ်းခြောက်သည့်အသံဖြင့်ပြောသည်။

အဆင်မြင့်တပည့်များဆိုသည်မှာ ကျင့်ကြံမှု အဆင့်၅ရှိသူများဖြစ်သည်။ ကျန်းယွမ်မှာ ကျင့်ကြံမှုအဆင့်၅သို့ ရောက်လုနီးဖြစ်ကာ
ယခုနေ ကျင့်ကြံမည်ဆိုလျှင် ကျိန်းသေ အဆင့်ချိုးဖျက်နိုင်မည်ဖြစ်ပေသိ သူ လတ်တလော အဆင့်တက်လိုခြင်း မရှိသေးပေ။

တပည့်များစွာသည် နောက်တစ်နေ့တွင် မည်သို့မည်ပုံရှိမည်ကို သိလိုဇောသန်နေကြသော်ငြား မည်သို့ဖြစ်စေ သူတို့၏ လေ့ကျင့်မှုကို ရပ်တန့်မပစ်ကြပါ။

ရီကျင်းနှင့် ကျန်းယွမ်သည်လည်း ဆက်လက်လေ့ကျင့်ကြမည် ဖြစ်သည်။ သို့ရာတွင် အရမ်းကြီး
လှုပ်ရှားခြင်းမပြုရန် သူတို့သဘောတူထားသည်။ နှစ်ဦးလုံးတွင် မတူညီသော ဆင်ခြေများရှိနေခဲ့၏။

စောင့်ကြည့်နေသည့်
အခြား တပည့်များမှာ သူတို့နှစ်ဦးကို ပဟေဠိဖြစ်နေသည်။ ပေါက်ပေါက်ရှာရှာနိုင်သည့် တပည့်အချို့ကမူ ဤနှစ်ယောက် ရပ်ဝန်းနီတွင် အတော်များသွားခြင်းသာဖြစ်မည်ဟု တွေးကုန်၏။


သို့သော် ထိုနှစ်ယောက်ကမူ အဖော်တပည့်များ၏ အကြည့်ကို လောလောဆယ် လျစ်လျှူရှုထားရပါတော့သည်။

__________


ကျန်းယွမ်နှင့် အဖော်တပည့်များ ပင်မရင်ပြင်သို့ရောက်လာပြီ။

အဆင့်မြင့်တပည့်အချို့က သူတို့ကို လှောင်ပြောင်၏။ သူတို့နှင့် တန်းမတူသည့်အတွက် ရယ်သွမ်းသွေးခံရခြင်းပေ။အထူးသဖြင့် ကျန်းယွမ်.... လှပသည့်ရုပ်ကလေးတစ်ခုရှိသော်လည်း သူ့အဆင့်က၄သာ ရှိသေးသည်။ အဆင့် ၄နှင့် ၅မှာ ကြည့်လိုက်လျှင်
သိပ်ကွာလှသည်မထင်ရစေကာမူ လက်တွေ့၌ အတော်ကြီးခြားနားပါသည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now