1.12

11.3K 1.3K 66
                                    

Unicode

"အိုး...."

ကျွင်းခယ် မိုက်ခနဲတောင်ဖြစ်သွားတယ်။

လင်းယွီကတော့ သူ့ကို ရုတ်တရက် ရေနဲ့ ပုံးလိုက်လောင်းချခံလိုက်ရသလို ထိတ်ပျာသွားတယ်။

လင်းရှောင်က ချက်ချင်း ဒီ ဘာလိုလိုလူရဲ့ လက်ကနေ လွတ်အောင် ရုန်းလိုက်တယ်။ ဘာအချိုးလဲ ကိုဇာတ်လိုက်ရေ။ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ကြိုးစားနေတာလား။

"အာ..ကျေးဇူးပြုပြီး ကြင်နာတဲ့လူကြီးမင်း ခင်ဗျ။ ကျွန်တော့်ကို ပြန်ခွင့်ပြုမယ်မလား?"

ကိုယ့်လမ်းကိုယ်သွားဖို့ ကြိုးစားရင်း ငါက သူ့ကို မေးခဲ့တယ်။

ငိုချင်လာပြီနော် ! ငါ နှစ်ကယ် သုံးကယ် ငိုချင်နေပြီနော်။

"လာလေ..ကို မင်းအိမ် လိုက်ပို့မယ်" ဟု သူ့ကိုယ်သူ ဘာမှ အထူးအဆန်းမလုပ်မိသလို ပုံစံမျိုးနဲ့ ထိုသူက အေးအေးသက်သာ ပြောလာတယ်။

သူက ငါ့ကို သူ့ရဲ့အိမ်တော်ကနေ တွဲခေါ်လာပြီး သူ့ရဲ့ကားထဲကို ဆွဲသွင်းတယ်။ အေ့အေး ခင်ဗျားက လူကြီးလူကောင်းတစ်ယောက်ဆိုတာ ကျွန်တော် အူထဲသည်းထဲက လက်ခံလိုက်ပါပြီ။

"ဒာနဲ့...မင်းက မြို့တော်ရဲ့ နာမည်ကြီး နံပါတ်တစ် ပလေးဘွိုင်းပေါ့, မစ္စတာရွှယ်"

သူက ကသိကအောက် ဖြစ်တဲ့အခြေအနေကို လျော့ပါးစေဖို့ စကားစတင်ပြောသော်လည်း သူစတင်ပြောတဲ့စကားကပဲ ကသိကအောက်ပိုဖြစ်စေတယ်။

သူက ဘယ်လိုသိတာလဲ။ သူလည်းအတင်းအဖျင်းတွေကြိုက်တာပဲလား။ မင်း ဘယ်တော့မှ မဂ္ဂဇင်းနဲ့ အတင်းစကားတွေကို မယုံလေနဲ့။

"အာ..ဟဟ..ဘာလဲ။ နံပါတ်တစ်ပလေးဘွိုင်း။ ဒါက...."

ငါ ပူထူပြီး ရယ်လိုက်မိတယ်။ ဘာလို့ ပလေးဘွိုင်းလဲ။ မူလရွှယ်မင်က မိန်းမတွေနဲ့ ဒိတ်ခဲ့တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ကို ထိဖို့နေနေသာသာ တစ်ခါတကျင်းတောင် မနမ်းခဲ့ဖူးဘူး။ သူက သူအမျိုးသားအချင်းချင်း ကြိုက်တယ်ဆိုတာ လူတွေသိသွားပြီး မနှစ်မြို့မှာကို ကြောက်ရွံ့ တာကြောင့် အမှန်တရားကိုဖုံးကွယ်ဖို့အတွက် မိန်းမတွေနဲ့ ကစားတဲ့အဖြစ်မျိုးရောက်ခဲ့ရတာဖြစ်တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now