2.17

1.8K 205 11
                                    

Unicode

နောက်ဆုံးတော့ ရောက်လာပြီ။ ကျန်းယွမ် စောင့်မျှော်နေခဲ့သည့် တံခွန်စိုက်ပြိုင်ပွဲ။

ကျန်းယွမ် ဂိုဏ်းထဲသို့ရောက်နေပြီဖြစ်သော်လည်း အနှီလူမိုက်ရီကျင်းကို တွေ့ရမည့်ပုံမပေါ်။ အဲသည်ကောင်...အခု ဘယ်ပေါက်လို့ ဘယ်ရောက်နေသနည်း။

သိပ်မကြာခင်က သူ့ဆရာနှင့် အဖော်တပည့်များကို တွေ့ခဲ့ရသည်၊ သို့သော် ရီကျင်းကို မမြင်ရ၊ ထူးပေသည်။

"စီနီယာကျန်း...ရီကျင်း ဘယ်မှာလဲ? စီနီယာ့တိုက်ပွဲကို သူလာမကြည့်ဘူးလား?"
ကျန်းယွမ် အံ့သြနေသည်။

သူတို့ ဘာကြောင့်မိမိကို လာမေးရသနည်း။ မိမိကသာ သူတို့ကို မေးသင့်သည့် သူတစ်ဦး
မဟုတ်ပေလော။ ရီကျင်းကို သူတို့၏ စောင့်ရှောက်မှုအောက်မှာ ထားခဲ့ခြင်းဖြစ်သည်။

" ရီကျင်း ဘယ်မှာလဲဆိုတာ ဘာအဓိပ္ပါယ်လဲ? သူ ဒီမှာမရှိဘူးလား? ငါ သူ့ကို မင်းတို့ရဲ့ စောင့်ရှောက်မှုအောက်မှာ ထားခဲ့တာလေ...မဟုတ်ဘူးလား?"
အငယ်များမှာ စိတ်ရှုပ်ထွေးနေကြသည်။

"ဒါပေမဲ့ ကျွန်တော်တို့ ထင်တာက သူ စီနီယာနဲ့အတူသွားတယ်လို့...စီနီယာထွက်သွားကတည်းက တစ်ချိန်လုံး သူဒီမှာမရှိတော့တာ"
ယခုမှ အငယ်များမှာ ပို၍
ပင် နားဝေတိန်တောင်ဖြစ်သွားကြသည်။

ကျန်းယွမ် သူထိုင်နေသည့်နေရာမှ ဆတ်ခနဲထကာ ဒေါင်းတိမောင်းတိထွက်လာသည်။

အဲဒီ လူမိုက်ဘယ်မှာလဲ?... ဟုတ်သည့်ကိစ္စဆိုလျှင် ကောင်းလိမ့်မည်...မဟုတ်လို့ကတော့ ဒင်းကို သူ့လက်နဲ့ သတ်ပစ်မည်။

"မင်း ဘယ်သွားမလို့တုန်း?"
ဆရာဝူက ကျန်းယွမ် နောက်ထပ် ဝေးရာလျှောက်မသွားခင် ဆူပူတားမြစ်၏။

"ဆရာ ရီကျင်း ကျွန်တော်ထွက်သွားကတည်းက ပျောက်နေတာ။ သူ ကျွန်တော်နဲ့ ပါလာတာမဟုတ်ဘူး"
ကျန်းယွမ်းက အလေးအနက်တင်ပြသည်။

ဆရာဝူ မျက်လုံးပြူးသွားရှာ၏။

"ဒါပေမဲ့ သူ မင်းနဲ့ပါလာတယ်ဆိုပြီး မင်းငါ့ကို စာတစ်စောင်ပို့တယ်လေ"
ဆရာဝူက စိတ်ရှုပ်ထွေးစွာဆိုသည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now