1.06

11.9K 1.3K 16
                                    


Unicode

"သူ....သခင်ကြီး ထမင်းစားခန်းထဲမှာပါ သခင်လေး"

ကောင်ကလေးက သူ့ဖခင်ကိုရှာနေတာကြောင့် အိမ်တော်ထိန်းကြီး ဟောင် က သိပ်ကို ရှော့ခ်ရသွားပေမဲ့လည်း သိမ်မွေ့တဲ့အမူအရာနဲ့ပဲ သူဒါကို ဖုံးကွယ်ထားပါတယ်။

" အိုခေ..ကျေးဇူးပါဗျာ"

:o အိမ်တော်ထိန်းကြီး ထပ်ပြီး ရှော့ခ်ရပြန်ပြီ။ ဒီကောင်လေးကများ သူ့ ကျေးဇူးတင်တယ်တဲ့! ဒီကောင်လေးက သူ့ကို တကယ်ကြီး ကျေးဇူးတင်တယ်တဲ့ဗျာ!  ဘုရားရေ.. ကမ္ဘာကြီး ပြောင်းပြန်များလည်နေပြီလား။

ဒါပေမဲ့ လင်းရှောင်ကတော့ နေ့စဉ်လုပ်နေကိုင်နေကျပုံစံမျိုးလို အတွင်းဘက်ကို ချက်ချင်းဝင်သွားတော့တယ်။ သူက ရွှယ်မင်ရဲ့ဘဝကို ပြောင်းလဲချင်တယ်။ အခြားသူတွေအပေါ်ပေးလိုတဲ့ ထိုသ့ူရဲ့ သဘောထားတွေအပါအဝင်ပေါ့။ ကံဆိုးမိုးမှောင်ကျတာကနေရှောင်ဖို့ရော။

ရွှယ်မင်ဟာ တကယ်တော့ ဆိုးရွားတဲ့အမျိုးသားတစ်ယောက်ပာ။ သူက သူ့ထက် ယောင်ယောင်လေးသာနိမ့်ပါးတဲ့သူတွေကိုဆို သိမ်ငယ်သွားရအောင်လို့ သူ့ကိုယ်သူ အထက်စီးကထား စကားပြောလေ့ရှိတယ်။ သူက king of the world ပဲဆိုပြီး သွေးနားထင်ရောက်နေသူလည်းဖြစ်တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူက king မဟုတ်လေတော့ အဲသည် သဘောထားကြီးကပဲ သူ့ကို သေကြေပျက်စီးစေခဲ့တာဖြစ်တယ်။ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ။

"ပါပါး"

တိတ်တဆိတ်စားသောက်နေတဲ့ လူအိုကြီးကို ငါခေါ်လိုက်တယ်။ တစ်ယောက်တည်း ဖာသာ စားသောက်နေရတဲ့ သူ့ကိုကြည့်ပြီး ငါ့ရင်ထဲက တဆစ်ဆစ်နာလို့လာတယ်။ ငါငယ်ငယ်ကဆို ငါရယ် ငါ့အဖေရယ် ငါ့အမေရယ် အမြဲလက်ဆုံစားကြတာ။ ဒီမှာရှိနေတဲ့လူကြီးက ငါ့ရဲ့အဖေမဟုတ်တာတောင် ဒီခံစားချက်က တကယ် ကယ်ကူရာမရှိဘူး။ ဒီလိုခံစားရတာဟာ ဒီကိုယ်ထဲမှာ ရွှယ်မင်ရဲ့ ဝိဉာဉ်တစ်စတလေ ကျန်နေလို့ဖြစ်လိမ့်မယ်။ ထပ်ပေါင်းထည့်ရရင် ဒီဖြစ်ရပ်လေးက အမှန်တကယ်ကို စိတ်နှလုံး ညှိုးချုံးသွားစေတဲ့ sence လေးဖြစ်နေတာလည်းပါတာပေါ့။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now