2.16 🚨

5.2K 346 25
                                    

Unicode

"ဟင့်အင်းးးး ကျန်းယွမ် ငါ့ကို ဒီမှာ မထားခဲ့ပါနဲ့"

သူ့​ခြေသလုံးကို ဖက်ကာ ဘေးမှကန့်လန့်ကန့်လန့် ပါနေသည့် ငမိုက်သားရီကျင်းကြောင့် ကျန်းယွမ် ဘယ်နှခါမျက်ဖြူလှန်မိမှန်း ရေတွက်မရတော့ပါ။


"ငါ ပြောပြီးပြီလေ...နောက်လေးရက်နေရင်တွေ့မယ်လို့"
ကျန်းယွမ် ထို့သို့
ပြောပြီး လက်ကလွတ်အောင် နောက်တစ်ကြိမ်ကြိုးစားလိုက်ရာ အိမ်မှနှင်ချခံရသည့် အိမ်ထောင်ရှင်မသဖွယ် ကျယ်လောင်လှသော ရီကျင်း၏
ငိုသံကို ကြားရတော့သည်။


"မရဘူး၊ မရဘူး၊ မရဘူး...ငါ့ကို မင်းနဲ့ခေါ်သွားရမယ်"
ဟုရီကျင်းက ကျန်းယွမ်ကို အသနားခံသည်။


ကျန်းယွမ် ရီကျင်းကို အဝေးသို့ကန်ထုတ်လိုက်ချင်ပေမဲ့ အောင့်ထားလိုက်သည်။ ဤ စိတ်ရှုပ်စရာ အမိုက်အမဲလေးက ကျန်းယွမ်ကို မသွားစေချင်၊ ပြီးလျှင် သူပါ ကျန်းယွမ်နှင့်အတူလိုက်မည်ဟု မရမကပြောနေလေသည်။


" ရီကျင်း..အဆင်ပြေသွားပါလိမ့်မယ်၊ ဘာ အကြောင်းတစ်ခုခုမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ငါတို့ရဲ့ အဖော်တပည့်တွေက မင်းကို ဂရုစိုက်ပေးလိမ့်မယ်..ဟုတ်ပြီလား"
ကျန်းယွမ် သည် ရီကျင်း၏ ခေါင်းကို ပွတ်ပေးပြီး ထွက်သွားတော့၏။

"ဒါ..ဒါပေမဲ့ အကြောင်းတစ်ခုခု ဖြစ်လာရင်ရော?"
ရီကျင်းက သူ၏ နှာရည်ကျနေသည့်နှာခေါင်းကို သုတ်ရင်းဆိုသည်။

အနှီ ညစ်ပတ်ပေရေနေသည့် မြင်ကွင်းကြည့်ရသည်မှာ ကျန်းယွမ်အတွက် အဆင်မပြေပေ။ အား..သူက တကယ်ကြီးကို ကျန်းယွမ်အပေါ်တွယ်ကပ်လွန်းသည်။

"ဘာမှကို ဖြစ်မှာမဟုတ်ဘူးလို့"
ကျန်းယွမ် သူ့အတွက်ပို့လိုက်သောရထားလုံးထဲကို ဝင်ရင်း ဆိုသည်။ ရီကျင်း၏ မျက်နှာဆီ လက်ကိုင်ပုဝါကို ခပ်ကြမ်းကြမ်း တွန်းပို့လိုက်ပြီးမှ တံခါးကို ပိတ်လိုက်ပါ၏။


သူ အိမ်ကို အရင်ဆုံးပြန်၍ ပြိုင်ပွဲသို့ နောက်မှလာတော့မည်။ သူ့အဖေ က သူ့အား ပြိုင်ပွဲတွင် ပါဝင်နိုင်သေးကြောင်း သို့သော် ပြိုင်ပွဲတွင်အနိုင်မရပါက ကလန်မှ ထုတ်လိုက်မည်ဖြစ်ကြောင်း ကျန်းယွမ်ကို ပြောဆိုခဲ့သည်။



မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now