1.25

14.2K 1.3K 144
                                    


Unicode

ရက်သတ္တနှစ်ပတ်ကြာပြီးနောက်မှာ ရွှယ်မင် နိုးထလာခဲ့ပါပြီ။ သူနိုးလာတဲ့အချိ်န် တွေ့လိုက်ရတာက ပင်ပန်းနွယ်နေပုံရတဲ့ သူ့ချစ်သူရဲ့ ဖြူဖျော့ဖျော့ မျက်နှာရယ်ပါ။

"နိုးလာပြီ....ဘုရားတရားမလို့!"

ရှောင်းဟန်က အလွန်ပျော်ရွှင်သွားပြီး မူးဝေနေဆဲ ဖြစ်တဲ့ ချစ်သူကို မအောင့်နိုင်ဘဲ နမ်းလိုက်ပါတယ်။

"ဘာဖြစ်ခဲ့တာလဲ?"

"Host, နောက်ဆုံးတော့ မင်းသတိရလာပြီပဲ။ မင်းမသိလို့...မင်းမေ့နေတုန်းကလေ...ပထမသုံးရက်မှာ မင်းသတိလည်မလာလို့ဆိုပြီး ဒေါက်တာတစ်ယောက်ကို မင်းရည်းစားက သတ်လုနီးပါး ဖြစ်သွားသေးတယ်...အာ....အဲဒီတုန်းက host ချစ်သူရဲ့ မျက်နှာကို ပြန်တွေးရရင် ကြောက်ဖို့ကောင်းတယ်....သိပ်ကြောက်ဖို့ကောင်းတယ်"

'အာ...ငါ မှတ်မိပြီ။ ဆိုနာက ဘာဖြစ်ခဲ့တာလဲ။ သူက ငါ့ညီမလား။ ဒါဆို မင်းက ဘာလို့ စောစောမပြောတာလဲ? '

"Host, အဲဒါက ဒီမှာလည်းရေးမထားဘူးလေ။ သိချင်ရင်တော့ စစ်ဆေးမှုအစီရင်ခံစာမှာ ဖတ်ကြည့်လို့ ရတယ်။"

ရှောင်းဟန်က သူ့ချစ်သူရဲ့မျက်နှာ မရွှင်ပျတာမြင်တော့ ဆရာဝန်တွေကို အဆောတလျင် ခေါ်လိုက်တယ်။

ရွှယ်မင် သတိရပြီလည်းကြားရော ဆရာဝန်တွေလည်း ပျော်ရွှင်သွားကြတယ်။ သူတို့ က အင်မတန်ကျေးဇူးတင်ကြတာကြောင့် ဘုရားကျောင်းသွားပြီတောင် ဘုရားသခင် ကျေးဇူးတော်ကို အမွှမ်းတင်လိုက်ချင်သေးတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်တုန်းကဆို ရှောင်းဟန်က တရားလွန်ကြောက်ဖို့ကောင်းတာကြောင့် သူက လူနာအခြေအနေကို မေးတိုင်း သူတို့မှာ ဘောင်းဘီထဲ ကြောက်သေးထွက်ကျမတတ်ပဲ။

__________

ရွှယ်မင်က ဆိုနာအကြောင်းကို ကြားတဲ့အခါ သူမဆီ ခဏတဖြုတ်သွားချင်ပေမဲ့ အဲဒါက သူမကို ဒေါသပိုထွက်တာပဲ ဖြစ်စေလိမ့်မယ်ဆိုပြီး သူ့ချစ်သူမောင်က ပယ်ချခဲ့ပါတယ်။ သူ့ချစ်သူအလိုအရတော့ ရွှယ်မင်က သူမနဲ့ မိုင်ငါးရာလောက် အကွာမှာနေတာ အကောင်းဆုံးပါပဲတဲ့.......။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now