2.00

2.9K 321 0
                                    

Unicode

TN/ ကျွန်တော် ကျန်းယွမ်arc ကိုစတင်တုန်းက ဘာလို့မှန်းမသိဘဲ အပိုင်း 2.00 ကိုကျန်ခဲ့ပါတယ်။ အခုမှ တွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်နော်။ တောင်းပန်ပါတယ်..ဗျ။

_______________

လင်းရှောင် သူ၏အာကာသသို့ ပြန်လည်ရောက်ရှိလာသည်။

"Hostရေ... ဆန္ဒတွေပြီး
မြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြန်လည်ကြိုဆိုပါတယ်နော်"

"ငါ့အမှတ်တွေရော?"

"တာဝန်ပြီးမြောက်တဲ့အတွက် ၂၀၀၀မှတ်မှာ ကျွန်တော့်ဆီက တောင်းဆိုခဲ့တဲ့ ဆေးဝါးအတွက် ၅၀၀ နှုတ်ရင် ခင်ဗျားမှာ အမှတ်ပေါင်း ၁၅၀၀ကျန်ပါတယ်။ "ဟု systemက ဂရုတစိုက် ပြောသည်။

" ကျေးဇူးပြုပြီး တစ်ခုရွေးပေးပါ...

၁. သိုင်းပညာ
၂. လိင်ဆွဲဆောင်ခြင်း
၃. ချစ်စရာ့မျက်နှာ
၄. ကွန်ပျူတာနှောင့်ယှက်ခြင်း တို့မှာ

တစ်ခုကိုပဲရွေးရမှာမို့..."

"ဒါဆိုရင် သိုင်းပညာ.."

လင်းရှောင်က သူ၏ မျက်ဝန်းများကိုပွတ်ရင်း ပြောသည်။ သူ့ချစ်သူကို လွမ်း၍ ငိုနေမိရာမှ သူ့ကိုယ်သူရပ်တန့်နိုင်စွမ်း မရှိ။

ပရိဒေဝဖိစီးနေစေသော ခံစားချက်အမှန်ကို ဖုံးကွယ်ရန်ကြိုးစားနေသည့် သူ့ host ကိုမြင်လျှင် system ကမေး၏။

"Host..အဆင်ပြေရဲ့လား?"

"ငါ အဆင်ပြေပါတယ်...သိုင်းပညာသင်ရအောင်"

လင်းရှောင်က အားတင်းပြီးပြုံးသည်။

ဆိုင်းဗုံမဆင့်ပဲ လျှို့ဝှက်ဆန်းကျယ်သော တံခါးတစ်ချပ်သည် ဗလာနယ်တွင်ပေါ်ပေါက်လာသည်။

လင်းရှောင်သည် လေကို ပြင်းပြင်း ရှူသွင်း၊ရှူထုတ်ပြီးမှ လှမ်းဝင်သွား၏။

တံခါး၏နောက်တွင်မူ သိုင်းပညာအတွက်လိုအပ်သော အထောက်အပံ့ကိရိယာဟူသမျှရှိနေပါ၏။

_________

ကိုးနှစ်ကြာပြီးနောက်...

"ဂုဏ်ယူပါတယ် host ရေ အခု ခင်ဗျား ဒုတိယကမ္ဘာကို သွားဖို့အချိန်ရောက်ပြီ"

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now