1.04

13.1K 1.3K 28
                                    


Unicode


"
ကဒ်! ကဒ်! ကဒ်!

ဆိုနာ!  မင်းက စိတ်မကောင်းတဲ့ပုံ ပေါက်နေရမှာလေ။ သူ့ရဲ့ အငိုမျက်နှာကိုပဲ စိုက်ကြည့်မနေရဘူး "

ဒီ စောင်အခန်း ကို ငါတို့လုပ်နေတာ ဆယ့်သုံးကြိမ်မြောက်ရှိသွားပြီ။ ဒီဇာတ်လိုက်မက တကယ်ပဲကွာ ငါ့ကို အုန်းစားနေတယ်။ ဒီရုပ်ရှင်မှာ သူမဟာ ဘယ်လိုတောင် ဇာတ်လိုက်မ ဖြစ်လာတာလဲ။ သူသိတာအားလုံးက အပြစ်ကင်းတဲ့ဟန်လေးနဲ့ ငိုတတ်တဲ့ ဘေဘီလေး လို လုပ်ဖို့ပဲ။

"တောင်ပန်းပါတယ် ဒါရိုက်တာကြီးရှင့်။ အရင်ဆုံး ခဏလောက် break ရမလားမသိဘူး။"

Oh! wow.. သူမက ဘယ်သူ့ကိုမဆို အုန်းစားအောင် လုပ်ဖို့ သိပ် သိပ်သိတာပဲ။ ဒါရိုက်တာချောင် အခုအခြေအနေမှာ လုံးဝ စိတ်ကုန်နေတဲ့ အချိန်မှန်းတောင် သူမ နားမလည်ဘူးလား?

အဲ့မှာ ဒါရိုက်တာရဲ့ ပါးစပ်ကရွဲ့သွားပြီး နဖူးကြောတွေတောင် တထောင်ထောင်ထွက်လာတာ ငါတွေ့လိုက်ရတယ်။

" ကောင်းပြီ။ အရင်နားတာပေါ့။"
ဒါရိုက်တာက သူ့ရဲ့သွားတွေကို ကြိတ်ပြီးပြောလာတယ်။

မသိတတ်တဲ့ ဆိုနာကတော့ ဒါကြားပြီး ပီပီပြင်ပြင်ပြုံးလိုက်တာကြောင့် လုပ်ဖော်ကိုင်ဖက်တစ်စု သူမဆီ ဘုကြည့်တွေ ပါဆယ်ပို့ကြတော့တယ်။

"ဒီမှာ ဒါကိုသောက်။ ဒါမှ မင်းရဲ့စွမ်းအင်တွေ ပြန်ပြည့်လာပြီး နောက်ထပ်ငိုနိုင်မှာ" လို့ မန်နေဂျာ Rex က ပြောပြီး သူ့ရဲ့ လက်ကိုင်ပဝါနဲ့ ငါ့မျက်နှာကိုသုတ်ပေးတယ်။

" မန်နေဂျာဗျ ကျွန်တော်အဆင်ပြေပါတယ်။ ဟဟ ကျွန်တော့်မျက်နှာကို သုတ်ပေးစရာမလိုပါဘူး။ ခင်ဗျားက မန်နေဂျာလေ ကျွန်တော့်လက်ထောက်မှမဟုတ်တာ" လို့ပြောပြီး သူပေးလာတဲ့ ရေကို ငါသောက်လိုက်တယ်။

သူက ငါ့ကို ကြည့်နေပြီး အတော်ကြာမင်သက်နေလို့ ငါ့ကို ကသိကအောက်ဖြစ်စေတယ်။

" မင်း.. မင်း.. နေလို့ရောကောင်းရဲ့လား" လို့ သူကပြောပြီး ငါ့ရဲ့နဖူးကိုစမ်းတယ်။

" ကျွန်တော် ကောင်းပါတယ်။ ဘာမှားလို့လဲ။ ခင်ဗျား အဆင်ပြေရဲ့လားဗျ" လို့ ငါက ပြန်မေးခဲ့တယ်။ သူက အထူးအဆန်းတွေ လုပ်လို့။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now