1.19

9.4K 1.1K 93
                                    


Unicode

🚫🚫🚫 warning ပါဗျို့.....

ဝမ်နင်ဆိုလို့ ပျော်မသွားကြနဲ့ဦး...😏

ဟိုဟာဒီဟာ မပါဘူး....

အဆဲလေးတွေ ပါလို့ ဝမ်တာ....။

_________________

C နိုင်ငံကို ငါတို့မပြန်ကြခင် ညစာအတူစားကြဖို့ ဒါရိုက်တာက ဆုံးဖြတ်ခဲ့တယ်။

"ဟေး...ရွှယ်မင်! မင်းနဲ့ ပိုင်ရှောင်ဟန် ဒိတ်နေကြတယ်ဆိုတာ တကယ်ပဲလား"
ဆိုပြီး ကျောင်းလီက ငါ့ကို အထင်အမြင်သေးစွာ ကြည့်ပြီးမေးတယ်။

အဖွဲ့သားအားလုံးလည်း စားနေတာကိုရပ်ပြီး ငါ့ကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်လာကြတယ်။ငါ့ပဲ ခေါင်းနှစ်လုံးပေါက်နေသလိုလို.....

ဒါပေမဲ့ ဒီသတင်းက ပေါ်လာသေးတယ်လား။ ငါ့အထင်တော့ ပိုင်ရှောင်ဟန်က ဒီလိုသတင်းကို ယိုပေါက်မရှိအောင် သေချာထိန်းသိမ်းထားတယ် မဟုတ်ဘူးလား။

"အာ....စီနီယာက ထူးခြားတဲ့ B-Class သရုပ်ဆောင် အစစ်ပဲဟာကို" လို့ ပြောပြီး ဆိုနာက ပြုံးတယ်။ ဒါပေမဲ့ သူမရဲ့အပြုံးက မျက်လုံးကလာတာ မဟုတ်ဘူး။

ယခင် စာနယ်ဇင်းတွေ့ဆုံပွဲလုပ်ခဲ့စဉ်ကတည်းက ဆိုနာက ငါနဲ့ သူ စကားများခဲ့တာကိုရော... သူငါ့ကို ဆေးခပ်ဖို့ ကြိုးစားခဲ့တာတွေရောကို အတိတ်မေ့သလို ရွှေပျောက်သလို လုပ်ပစ်ခဲ့ပြီ။

"ဒီလိုကိစ္စမျိုး မရှိပါဘူး"

ဒီလိုတွေဖြစ်လာတိုင်း ဘာလုပ်ရမယ်ဆိုတာ ငါကောင်းကောင်းသိပါတယ်။ အဲဒါက ဘာပဲဖြစ်ဖြစ် ဘူးကွယ်လိုက်ဖို့ပါပဲ.....။

"အိုး.....ဒါကိုလည်း ကြည့်ဦး..မင်းမဟုတ်ဘူးလား" လို့ ကျောင်းလီကပြောပြီး သူ့ရဲ့ဖုန်းကို ငါ့ဆီ ထိုးပြတယ်။ အဲ့ပုံက လေဆိပ်မှာ ပိုင်ရှောင်ဟန်က ငါ့ကို ဖက်ထားတဲ့ပုံပါ။

"မဟုတ်တာ။ မင်း ဒါတွေယုံတာပဲလား....။ မစ္စတာပိုင်ရှောင်ဟန်ရဲ့ ပုံရိပ်က သေးတာမှတ်လို့" ဟု ငါက ချက်ကျလက်ကျပြောလိုက်တယ်။

"မင်းလို နိမ့်ပါးတဲ့သူအတွက်တော့ လိုတရတွင်းကြီးပဲလေ။ မစ္စတာပိုင်ထက် ဘာက သာမှာလဲ"

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now