1.10

11.5K 1.3K 79
                                    


Unicode

သိပ်မကြာပါဘူး။

ပါပါးက သူ့အခန်းထဲကနေထွက်လာတယ်။

"ပါပါး သား နံနက်စာ လုပ်ထားတယ်" လို့ ငါ သူ့ကို ပြုံးပြီး ပြောခဲ့တယ်။

"ကောင်းလေး...ဒီတစ်ခါ စောစောထနေပါလား" လို့ သူ့ရဲ့အဖေက သူ့ကိုကြည့်ပြီးပြောတယ်။

ရွှယ်မင်ဆိုတာ အမြဲလိုလို နေ့လယ်ဆယ့်နှစ်နာရီလောက်မှ ထတတ်တာလေ။ မလိုရင် တစ်နေကုန်ထတာမဟုတ်ဘူး။

"ကျွန်တော်က ပါပါး ဂေါက်သီးကစားတဲ့အခါ အတူလိုက်မလားတွေးနေတာ" ဟု ပြောကာ သူ့ဖခင် ခုံမှာထိုင်ရန် ကူညီပေးလေသည်။

" ဂေါက်ရိုက်? အဖေဂေါက်ရိုက်ရင် အတူလိုက်မယ် ?"

မူလ ရွှယ်မင်က သူ့ရဲ့ဖခင် ဂေါက်ကစားဖို့သွားတဲ့အခါ တစ်ရံတဆစ်မျှ လိုက်ပါဖူးတယ်မရှိဘူး။ အဲဒါက လူအိုကြီးကို တကယ် ဝမ်းနည်းစေခဲ့တယ်။

" ဒါပေါ့...တနင်္ဂနွေနေ့တွေဆို ပါပါး ကစားနေကျပဲလေ" လို့ပြောရင်း ဖခင်ရဲ့ ပန်းကန်ထဲကို စားစရာ ထည့်ပေးပါတယ်။

"မင်း သိတယ်လား?"

ရွှယ်မင် ရဲ့ ဖခင်ဟာ စိတ်လှုပ်ရှားသွားရတယ်။ သူ့ကို ဘယ်တော့မှဂရုမစိုက်ဘူးလို့ ထင်ထားတဲ့ ဒီကောင်လေးက သူ့ရဲ့ အမူအကျင့်တွေကို မသိမသာမှတ်သားထားခဲ့လို့ပေါ့။

ရွှယ်မင် အစစ်က ဒါတွေကို ဂရုမစိုက်တတ်ဘူးဆိုတာ လင်းရှောင် မသိဘဲ ဘယ်နေမလဲ။ ဒီအချက်အလက်တွေက system က ကူညီပြီး အသိပေးခဲ့လို့သာ။

" တကယ်တော့ ကျွန်တော် လက်ဖက်ရည်တစ်ခွက်လည်း ပြင်ထားသေးတယ်။ ဒါက ပါပါးကြိုက်တဲ့ ပူဒီနာနဲ့ "

သူက ပူဒီနာလက်ဖက်ရည် ကြိုက်တယ်ဆိုတာလည်း ငါသိတယ်လေ။ ငါရဲ့ ချစ်လှစွာသော system လေးရဲ့ အကူအညီနဲ့ပေါ့။

____________

"ဒါကို ဒီလိုကိုင်ရတယ်"

တစ်စုံတစ်ယောက်က ငါ့ကို ဂေါက်ဘယ်လိုရိုက်ရမလဲဆိုတာ သင်ပေးနေတာ။ ငါ့ရဲ့ လက်ကိုကိုင် ငါ့ကိုယ်ကိုမှီပြီး ကပ်ထားတာက ငါ့ကို သူ့ရဲ့ အတံနဲ့ ဖိကပ်ချင်လာအောင် လုပ်နေသလိုပဲ။ ငါမကြိုက်ပေမဲ့ ငါ့ရဲ့ဖခင်ကို သူ့လိုပဲ ဂေါက်ရိုက်ရတာမှာ စိတ်ဝင်စားနေသလို ပြုံးရွှင်ပြရသေးတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now