1.05

12.5K 1.3K 15
                                    


Unicode

အဖွဲ့သားတွေ ရဲ့ အထူးအဆန်း ဝိုင်းကြည့်နေကြတဲ့ အကြည့်တွေဟာ တံခါးကို ရုတ်တရက်တွန်းဖွင့်ပြီး မင်းတစ်ပါးလို လှမ်းလာတဲ့ ထိုသူပေါ်ကို မပြောင်းရွှေ့ မစူးစမ်းကြခင်အထိအောင်ပါပဲ။

" ဘာလို့ ?။ ခင်ဗျားတို့ ကျုပ်ကို တော်တော်လွမ်းနေကြလို့လား။ ဟားဟား "
သူကတော့ ဇာတ်လိုက် ကျောင်းလီပဲ ဖြစ်တယ်။

" အိုခေ..နားချိန်ပြည့်ပြီ။ အလုပ်ပြန်စစို့ဟေ့"

ဒါရိုက်တာက လက်ခုပ်တီးပြီး ပြောလာတယ်။

ဇာတ်လိုက်မနဲ့ အသံသွင်းခြင်း သရုပ်ဆောင်ခြင်း အားလုံး အားလုံးလည်း ပြီးရော ငါ ချက်ချင်း အိပ်ချင်လာတယ်။ ဒါပေမဲ့ ငါ့ ပါပါးဆီ သွားရဦးမယ်လေ။

__________

အား..ငါ အောင်ပြီကွ။ ဘာလို့လဲဆို ဒီနေ့ဟာ ငါ့အတွက် ရိုက်ကွင်းမှာရှိတာ နောက်ဆုံးနေ့လေ။ ဇာတ်ပို့မင်းသာကနေ ဇာတ်လိုက်မကို အချစ်ဝန်ခံခြင်း ပြီးတဲ့နောက်မှာ သူက သူရဲ့ ပညာရေးကို ဆုံးခန်းတိုင်ဖို့ ဒီကနေ နယူးယောက်ကို  ထွက်ခွာတော့မှာဖြစ်တယ်။

ဆိုတော့...

ဒီလိုနဲ့ ဆိုနာက ငါ့ကို အတူညစာ စားကြမလားလို့ မေးလာတဲ့အခါ ငါလည်း ယဉ်ယဉ်ကျေးကျေးနဲ့ အပြတ်ငြင်းပစ်လိုက်တယ်။

ငါလည်း " နိုး " လို့ ပြန်ပြောလိုက်ရော ဆိုနာမတစ်ယောက် မျက်နှာကြီး စိမ်းမှောင်သွားပြီး မကြာခင်ပဲ မီးလိုရဲ လာပြီး ခြေဆောင့်တော့တယ်။

ဟဟပေးပာတယ် ။ ချီးပေမ။

___________

" မင်း ဘယ်မှာ စားချင်လဲ "
လို့ ကားပါကင်ကို လျှောက်လာကြတဲ့အခါ ငါ့ရဲ့ မန်နေဂျာက အမေးရှိတယ်။

" ဟမ် ? ပါပါးဆီပဲ သွားမယ်လေ "
ငါ ပြောတဲ့အခါ သူက မူးမေ့မတတ်ဖြစ်သွားလေတယ်။

ဘာကြောင့်လဲဆိုတော့ တကယ်တမ်း သူ တွေ့တွေ့နေရသလောက် ရွှယ်မင်က သူ့ပါပါး (ပထွေး) ဆီ ဘယ်တော့မှသွားတာမဟုတ်ဘူး။ ပါပါးလို့ ခေါ်တာကတော့ သူ့ရဲ့အဖေဟာ အီတာလျန်တစ်ယောက်ဖြစ်တာက အကြောင်းတစ်ခုဖြစ်မယ်လို့ သူထင်တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now