1.14

10.6K 1.4K 99
                                    

Unicode

တရစပ်မြည်နေတဲ့ ဖုန်းသံကြောင့် ငါနိုးလာခဲ့တယ်။ ငာလည်း တစ်ယောက်တည်း အပြစ်တင်ရေရွတ်ရင်း စောင်ပုံထဲက ထွက်ကာ ဖုန်းကိုလှမ်းဆွဲလိုက်တယ်။

"hello"

အိပ်မှုန်စုံမွှားနဲ့ ငါ ထူးလိုက်တယ်။

"သားငယ်...မင်းငါ့ကို မှန်မှန်ဖြေစမ်း။ ဒီရက်ပိုင်း ဘာတွေလျှောက်လုပ်ထားလဲ"

ဝှါး......
အခုမှ အစောကြီး ရှိသေးတာကို ပါပါးက နိုးနေပြီလား။

"ပါပါး....ဘာအကြောင်းကို ပြောနေတာလဲ။ ဒီရက်ပိုင်း လုပ်နေကျ ဓာတ်ပုံ ရုပ်ရှင် ရိုက်ဖြစ်တာကလွဲရင် ဘာမှ ထူးမရှိပါဘူး"

ငာရောက်မလာခင်က ရွှယ်မင်တစ်ယောက် သူ့ပါပါးကို စိတ်ညစ်စရာတွေ ဘယ်လောက်လုပ်ခဲ့လဲတော့မသိပေမဲ့ ငာရောက်လာပြီး နှစ်ပတ်အတွင်းတော့ ဘာတစ်ခုမှ မလုပ်ရသေးဘူးလေ။

"ဒါဆိုလည်း ငါ့ကို နားလည်အောင်ရှင်းပြပါဦး....ဘာကိစ္စ ပိုင်ရှောင်ဟန်က ဒီလာပြီး မင်းကို စောင့်နေသလဲဆိုတာ။ မင်း ဒီမှာမရှိပါဘူးလို့ ငါပြောပြီးတာတောင် သူက မင်းကို ဆက်စောင့်နေသေးလဲဆိုတာ" ဟု ပါပါးက ပူပန်စွာမေးတယ်။

အား....နေပါဦး...ဘယ်..ဘယ်လို?
ပိုင်ရှောင်ဟန်???

"ဟို..?.." ငါလည်း ကွန်ဒို ထဲကနေ အမြီးနင်းခံလိုက်ရတဲ့ ကြောင်လို လန့်ပြီး ပြေးထွက်လာခဲ့တယ်။

"ကဲ အခု ငါ့ကို အမှန်အတိုင်းပြောစမ်းပါ" လို့ ပါပါးက အလေးအနက်မေးတယ်။

"နေ..နေပါဦး...သား ဘာတစ်ခုမှ မသိဘူးနော်...ခဏပဲစောင့်နော် အခုအဲ့ကို လာနေပြီ" လို့ ကမန်းကတန်း ပြောလိုက်တယ်။ သေစမ်း! သေသင့်တယ်.....ဒီ ဇာတ်လိုက်၊ သူ ဘာ လိုချင်နေတာ လဲ့... ။

ငါလည်း flash man လို ပြေးပြီး တက္ကစီခေါ်လိုက်တယ်။

လူတိုင်းလိုလိုက ငါ့ကို ပြစ်မှုတစ်ခုခု သို့မဟုတ် အခြားတစ်စုံတစ်ခု လုပ်ခဲ့သလိုပုံမျိုးနဲ့ ဝိုင်း ကြည့်နေကြတယ်။ တော်ပြီကွာ...ဂရုမစိုက်တော့ဘူး။ ငါ့ခေါင်းထဲ ဇာတ်လိုက်အကြောင်းပဲ တွေးနေတယ်။ သူက ဘာကြောင့် အိမ်ရောက်နေတာလဲ။ ငာ့ အဘိုးကြီးတော့ နှလုံးရပ်တော့မှာပဲ...။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now