1.20

9.2K 1.1K 49
                                    

Unicode




အား......မခံစားနိုင်ဘူး။

"ဘားတစ်ခုဖြစ်ဖြစ် တစ်နေရာဖြစ်ဖြစ်သွားရအောင် ။ ငါ့စိတ်ကို ရှင်းထုတ်ဖို့လိုနေပြီ" ဆိုပြီး ငါ့ကို အထူးအဆန်းလုပ်ကြည့်နေတဲ့ Rex ကို အော်လိုက်တယ်။

ပြီးတော့ ချက်ချင်းပဲ သူဌေးသား သခင်လေးတစ်ယောက် ပုံစံ ဝတ်ဆင်ပြီး အနည်းငယ် ရုပ်ဖျက်ပြုပြင်လိုက်တယ်။ တစ်ဆက်တည်း အငှါးကားတစ်စီးလည်း လှမ်းခေါ်ထားတယ်။

"ဒါက မင်းရဲ့ပုံရိပ်ကို ထိခိုက်စေမယ်ဆိုတာ မင်းမသိဘူးလား။ ဘယ်တစ်ယောက်နဲ့မှ ချိတ်မိတာမျိုးမဖြစ်ရဘူးနော်။ ဘယ်သူနဲ့မှ မချိတ်ပဲ ပျော်တာပဲဖြစ်ရမယ်။ ကြားလား" လို့ Rex က ရွှယ်မင်ကို ပူပန်စွာကြည့်ပြီး ပြောလေသည်။

မှန်ရာပြော သစ္စာပါ။ Rex အနေနဲ့ ပိုင်ရှောင်ဟန်အတွက် စိတ်ပူမိပါတယ်။ ဒါပေမဲ့ ရွှယ်မင်လိုမျိုးတော့ ဘယ်လာ စိတ်ပူလိမ့်မလဲ။ ရွှယ်မင်နဲ့ ရှောင်းဟန်အတူရှိတဲ့ နှစ်လသည်သာလျှင် သူနဲ့ ပိုက်ရှောင်ဟန် သိကျွမ်းရာကာလဖြစ်လို့ပါ။

ရွှယ်မင်က
"ငါ သိပါတယ်" ဟု ဗလုံးဗထွေးဖြေ၏။

______

တက္ကစီခကို ကျသင့်သလောက် ပေးပြီးတဲ့နောက်မှာ ငါတို့ မြို့တော်ရဲ့ အကျော်ကြားဆုံးဖြစ်တဲ့ ကလပ်နဲ့ဘား တွဲဖွင့်ထားတဲ့ 'အမည်မဲ့' ဆိုတဲ့ ကလပ်အတွင်းသို့ ဝင်လာခဲ့ကြတယ်။

တလက်လက် တဖျတ်ဖျတ် လှုပ်ရှားနေတဲ့ မီးရောင်စုံတွေရယ်၊ မျှော့တွေ ကျွတ်တွေလို တွယ်ယှက်ပြီး ကခုန်နေသူတွေရယ်၊ နူဝဲယားနာရနေသလိုမျိုး တစ်ဦးကိုတစ်ဦး ပွတ်ဟယ်စုပ်ဟယ် လုပ်နေသူတွေရယ် က သူတို့နှစ်ယောက်ကို ဆီးကြိုနှုတ်ဆက်နေပါတယ်။

"ဒီလူတွေ ဝက်ရူးပြန်နေတာတော့ မဟုတ်ပါဘူးနော်" ဟု စိတ်ကျန်းမာရေးဆေးရုံကနေ ဖောက်ထွက်လာတယ်လို့ ထင်ရလောက်အောင် ဂနာမငြိမ် ခုန်ပေါက်နေတဲ့ ပတ်ပတ်လည်က လူတွေကို ကြည့်ပြီး ရွှယ်မင်က တိုးတိုးကြိတ်ကြိတ် မေးလိုက်မိသည်။

"ဒီရောက်လာပြီး ကုန်းတင်တဲ့ ငါးအသေကောင်လို ငြိမ်နေမှ ပုံမှန်မဟုတ်တာ" လို့ Rex ကပြောပြီး သူ့ကို လူအုပ်နဲ့ဝေးရာကို ဆွဲခော်သည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now