1.15

11.4K 1.3K 70
                                    

Unicode
ရှောင်းဟန်က သူ့ဘေဘီရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို အလှဆုံးပြုံးပြခဲ့တယ်။

သို့သော်လည်း လူတစ်ယောက်စနှစ်ယောက်စကတော့ သူ ဒီနေရာကို ရောက်လာတာကို မကြိုဆိုလိုကြပါဘူး။ ရွှယ်မင်နဲ့ မင်ယွိပေါ့။

မင်ယွိ ဘက်ကကြည့်ရင် သူ့ဒါလင်လေးက ရှောင်းဟန် ကိုပဲ သဲကြီးမဲကြီးကြည့်လို့နေတာကြောင့်  ပြောရရင် ရှောင်းဟန်က သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အလားအလာရှိတယ်လို့ ခံစားနေရလို့ဖြစ်မယ်။

'ဒီလူက အန္တရာယ်ကောင်ပဲ...ငါ့ဒါလင်လေးက ငါ့ဟာမှ ငါ့ဟာအစစ်နော်
;( '

သေချာတာတော့ အမုန်းမီးလျှံတွေ မျက်လုံးကနေထွက်လာပါပြီ။

"အာ.. ဟုတ်ကဲ့...ငါ့ရဲ့သား လူညံ့လေးက ဘယ်လို ဖြစ်နိုင်.....ဟဟား..တကယ်တော့.. ဒီလိုတွေးမိတာတောင်းပန်...ဒါက လုံးဝမဖြစ်နိုင်တာပဲဟာ..မစ္စတာပိုင်နဲ့.." ဟု ပါပါးက အားတုံ့အားနာ ပြောတယ်။ သူ့အနေနဲ့ အင်ပါယာအရှင်ကို စွပ်စွပ်စွဲစွဲကြည့်မိသွားခဲ့တာ နားလည်လိုက်ပါတယ်။

"သားတို့က မနေ့ကမှ ဆုံခဲ့တာပါ။ ကျွန်တော့်ကို မနေ့က ဂေါက်သီးမှန်တော့ သူက ကူညီခဲ့တဲ့ တစ်ယောက်ပါ"

ဒာက ဆင်ခြေတစ်ခုပဲ ဖြစ်တယ်။ သူက နောက်ဆုံးတစ်ခုကိုတော့ ထည့်မပြောခဲ့ပါဘူး။

"ငါ တောင်းပန်ပါတယ်..ဒါက.."

ပိုင်ရှောင်ဟန် စကားဆုံးအောင်မပြောလိုက်ရခင်မှာပဲ သူ့ရဲ့ဖုန်းက ထမြည်လာတယ်။ ခေါ်ဆိုသူကို မြင်တဲ့အခါမှာ သူက ချက်ချင်းဖုန်းဖြေဆိုခဲ့တယ်။

"ငါ အခု သွားရတော့မယ် ။
ဘေ-- ရွှယ်မင်, မစ္စတာဖွန်းစီ, Rex" ဟု ပြောပြီး သူပဲ ဒီနေရာကို ပိုင်သလိုလိုနဲ့ တဟုန်ထိုးပြေးသွားတော့တယ်။

ဘာတွေဖြစ်သွားလဲဆိုတာ လိုက်မမီတော့လို့ ငါတို့အားလုံး ဆွံ့အနေဆဲပဲ ဖြစ်တယ်။

"အား... ဘာ ဖြစ်သွားတာလဲ ? ငါ အိပ်မက်လိုပဲ ခံစားနေရတယ်" ဟု Rex က ဗလုံးဗထွေး ရေရွတ်တယ်။

"Rex... အစောက မင်းက မင်းရဲ့ သူဌေးကြီး ငါ့ကို သူနဲ့ တွဲနေပါတယ်လို့ အော်ဟစ်စွပ်စွဲခဲ့တယ်ဆိုတာ သိရဲ့လား" ဟုပြော၍ ငါသူ့ကို စိန်းစိန်းဝါးဝါးကြည့်တော့သည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now