အခန်း(၄)

7.5K 1.4K 29
                                    

{Unicode}



ကျိုးဟန်က စုန့်ယွမ်ရှန်၏ ID ကို အသုံးပြုပြီး ဖန်းကျိုးမူနှင့် အဆက်အသွယ်လုပ်နေသည်ကို တားဆီးရန်အတွက် စုန့်ယွမ်ရှန်သည် App ကို ပြန်အသုံးပြုရပြန်သည်။

သူ အပေါ်ထပ် တက်လာပြီး ဖန်းကျိုးမူအနောက် ဝင်ထိုင်လိုက်ရုံ ရှိသေး ကျိုးဟန်ဆီမှ Acc password တောင်းသည့် စာရောက်လို့လာသည်။ သူ လုပ်ထားပေးတာ အဆင်ပြေရဲ့လား၊ ကိုယ့်ရဲ့ စိတ်ပျော်မွေ့ရာကို သိမြင်ပြီလား စုံနေအောင်မေးသည်။

စုန့်ယွမ်ရှန် .. "ငါ့ဖုန်းထဲက App တောင်ဖျက်လိုက်ပြီ"

တစ်ဘက်မှ ကျိုးဟန်က သူ့စကားကြောင့် ဆွေ့ဆွေ့ခုန်ကာသွားသည်။ စုန့်ယွမ်ရှန်ဆီ ရှည်လျားလှသည့် Voice massage တစ်စောင်ပို့လာကာ သူ၏ အလကားဖြစ်သွားရသည့် အသင်းဝင်ကြေးအတွက် စုန့်ယွမ်ရှန်ကို ဆူပူအပြစ်တင်လို့နေသည်။

ကျိုးဟန် .. "တော်ပြီ .. ဘာမှ ပြောမနေတော့ဘူး .. မင်း မသုံးမှတော့ ငါပဲ သုံးလိုက်တော့မယ်"

ထိုအချိန်တုံးက သူ အလုပ်များလျက်ရှိသည်မို့ သိပ်အလေးမထားမိလိုက်။ ဖန်းကျိုးမူ၏ လေသံခပ်တိုးတိုးလေးကြောင့်သာ မဟုတ်ရင် သူ မေ့လို့တောင်နေပြီ။

စုန့်ယွမ်ရှန်က သူများစကားပြောတာကို နားစွင့်နေတတ်တဲ့သူ မဟုတ်သည့်တိုင် ဖန်းကျိုးမူ၏လေသံက မနေ့ညက ကြားခဲ့ရသည့် လေသံအတိုင်းမို့ သူ့အာရုံက အလိုလိုရောက်လို့သွားသည်။ ဖန်းကျိုးမူပြောနေသည်ထဲကမှ 'အလုပ်' နှင့် 'စက်မှုအင်ဂျင်နီယာ' ဆိုသည့် စကားလုံးများကြောင့် စုန့်ယွမ်ရှန်မှာ ဗျာများလို့သွားရသည်။

သူ့ ဖုန်းကိုယူပြီး အောက်ထပ်သို့ အမြန်ဆင်းသွားလိုက်သည်။ App ကို သူ့ဖုန်းထဲ ပြန်ထည့်လိုက်ပြီး ကျိုးဟန်ကို အတင်းအကျပ် ပြန်ထွက်ခိုင်းလိုက်ရသည်။ ပြီးသည်နှင့် Acc password ကို ပြန်ပြောင်းလိုက်ကာ ကျိုးဟန်နှင့် ဖန်းကျိုးမူတို့ အပြန်အလှန် ပြောထားကြသည့် စာတိုတွေကိုလည်း စစ်ကြည့်ရသေးသည်။

Password ကို အောင်မြင်စွာပြောင်းလိုက်ပြီဖြစ်ကြောင်း အသိပေးစာပေါ်လာပြီးချိန်မှာပဲ ကျိုးဟန်ဆီမှ ဖုန်းဝင်လို့လာသည်။ စူစူအောင့်အောင့်လေသံနဲ့

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now