အခန်း(၁၀)

7.4K 1.4K 37
                                    

{Unicode}



ဖန်းကျိုးမူ Supermarket သို့သွားသည့် အရေအတွက်က သူ လုပ်ဖို့ရန်ရှိသည့် လေ့ကျင့်စမ်းသပ်ရမည့်အတန်းချိန်များပေါ် မူတည်သည်။ သူသာ အလုပ်မရှုပ်ဘူးဆိုပါက ဝယ်စရာ မယ်မယ်ရရမရှိလျင်တောင် သွားပတ်ဖြစ်သည်။ တစ်ခါတစ်လေ လုပ်စရာသိပ်များနေပြန်ရင်လည်း ဝယ်စရာတစ်ပုံတစ်ပင်ရှိနေရင်တောင် မသွားဖြစ်ပြန်ပေ။

ရှေ့လထဲတွင် တက်ရမည့် ဖန်းကျိုးမူ၏ အတန်းချိန်က တော်တော်များသည်မို့ သူ မြို့ထဲသွားဖြစ်ဖို့က သိပ်မသေချာပေ။ မသွားဖြစ်သည့်တိုင် Andrew ဘာကြောင့် ဒီလိုမေးလာသည်ကို သိချင်မိသည်။

ဖန်းကျိုးမူ .. "မသိသေးဘူး .. ဘာလို့ မေးတာလဲ"

Andrew က သူနှင့်တွေ့ချင်လို့များ ဒီလိုမေးလာတာလားဟု တွေးမိပေမဲ့ တကယ်တမ်းတော့ မမျှော်လင့်ရဲပြန်ပေ။ Andrew ကို တွေ့ဖို့ပြောမိတိုင်း အမြဲငြင်းနေကျမို့ ဖန်းကျိုးမူမှာ သို့လောသို့လော ဖြစ်လို့နေသည်။

Dating app အသုံးပြုနေပါလျက်နှင့် မျက်နှာကို မဖော်ပြရဲသူ၊ ပုံတွေပို့လာပြန်ရင်လည်း မျက်နှာမပါအောင်ရိုက်ထားသည့်ပုံတွေပဲ ပို့လာသည့်သူ။
Andrew ခမျာ သူ့ရုပ်ရည်က အဆင်မပြေလွန်းတာမို့ မျက်နှာမပြဝံ့သည့်အပြင် နှစ်ကိုယ်တူများဆုံမိကြရင် သူတို့ကြားက ဆက်ဆံရေးလေး ပျက်စီးသွားမည်ကို စိုးရွံ့နေတာ ဖြစ်မည်လား။

Andrew ဆီက ဘာမှ အဖြေပြန်မလာသည်မို့ ဖန်းကျိုးမူကပဲ ပြန်ပြောလိုက်သည်။

"နောက်တစ်ခါကျရင် ဝယ်မယ့်ပစ္စည်းက အဲ့တုန်းကလောက် မများတော့ဘူး .. မနိုင်မနင်း သယ်ဖို့ မလိုဘူး"

Andrew .. "အမ်"

ထို့နောက် မဆိုင်းမတွ ထပ်မေးသည်။

"သွားဖို့လိုလာရင် အကူအညီတောင်းလို့ရတဲ့ အတန်းဖော်တစ်ယောက်လောက်တောင် တစ်ကယ်ပဲ မရှိဘူးလား"

ဖန်းကျိုးမူသည် ထိုအကြောင်းကို ဆက်မပြောချင်တော့သည်နှင့် ဘာမှ အရေးကြီးသည့်ပုံဖြင့်

"အင်း .. မရှိလည်း ဘာမှမဖြစ်တာ .. တစ်ယောက်တည်းသွားနေကျပဲဟာ .. ဘာဖြစ်လို့ ကားမောင်းပို့ဖို့ တစ်ယောက်ယောက်လိုနေဦးမှာလဲ"

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now