အခန်း(၅)

7.6K 1.4K 90
                                    

{Unicode}

ဖန်းကျိုးမူ အိမ်ပြန်ရောက်အချိန်တွင် ရေခဲချောင်းတောင်ဖြစ်သွားပြီလား ထင်ရအောင် အေးစိမ့်လို့နေပြီဖြစ်သည်။ ရေချိုးခန်းထဲဝင်ပြီး ရေနွေးပူပူလေးနှင့်ချိုးပြီးသည်နှင့် စောင်ပုံအောက်သို့ဝင်ကာ ကွေးနေလိုက်သည်။ နှစ်နာရီကျော်ကျော်လောက် အိပ်လိုက်ပြီး သူ နိုးလာတော့ ညနေဘက်တောင်ရောက်လို့နေပြီဖြစ်သည်။

ဗိုက်ဆာလာသည်မို့ ရေခဲသေတ္တာထဲကြည့်လိုက်တော့ စားစရာမယ်မယ်ရရမရှိသည်နှင့် နို့တစ်ခွက်သာ သောက်ဖို့ထည့်ပြီး သူ့အိပ်ယာဆီ ယူလာလိုက်သည်။ နို့ကို တစ်ငုံချင်းစီ သောက်နေတုန်း သူ့ဖုန်းဆီမှ စာတိုဝင်ကြောင်း အချက်ပေးသံကို ကြားလိုက်ရသည်။

ဖန်းကျိုးမူ ကြည့်လိုက်တော့ Andrew ဆီမှ သူ့ကို အိမ်ပြန်ရောက်ပြီလားဟု မေးထားခြင်းဖြစ်သည်။ ဖန်းကျိုးမူ ရုတ်တရက်မို့ ကြောင်အသွားသည်။ သူ Andrew ဆီကို စာပို့ထားတာပဲ လေးနာရီတောင် မကတော့ဘူး။ သူ တစ်ကယ့်ကို အလုပ်များနေလို့ စာတစ်စောင်ပြန်ဖို့ကို ဒီလောက်အချိန်ကြာတယ်နေမှာဟု တွေးလိုက်မိသည်။

ဖန်းကျိုးမူ .. "ရောက်တာဖြင့်ကြာလို့ တစ်ရေးတောင် အိပ်ပြီးနေပြီ .. ခင်ဗျားကကော .. အခုထိ အလုပ်မှာပဲလား"

Andrew ဆီမှ ပြန်စာက တစ်လုံးတည်းဖြစ်သည်။

"အင်း"

ဖန်းကျိုးမူ ခွက်ထဲက နို့ကို ဇိမ်ဆွဲပြီး သောက်လို့နေသည်။ အိပ်ယာပေါ်ကနေ ထပြီး ခန်းစီးစလှန်ကာ အပြင်လောကကိုကြည့်ဖို့တောင် ပျင်းနေသည်မို့ Andrew ကိုပဲ မေးလိုက်တော့သည်။

"မိုးတိတ်သွားပြီလား"

Andrew .. "လုံးဝတိတ်သွားပြီ"

ဖန်းကျိုးမူက Andrew ကို တိုင်ပြောနေသည့် လေသံလေးနှင့်

"ကျွန်တော့ကို မိုးနတ်မင်းကြီးက မတည့်ဘူး ထင်ပါရဲ့ .. ထီးမပါလာတဲ့နေ့ဆို အိမ်က ထွက်တဲ့အချိန် ကောင်းကင်ကြီးက ဘယ်လောက်ပဲ သာယာသာယာ .. အမြဲ မိုးရွာတယ် .. ဟော .. ကျွန်တော်လည်း အိမ်ပြန်ရောက်ရော .. မိုးက တန်းတိတ်သွားရော"

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now