{Unicode}
စုန့်ယွမ်ရှဲန်သည် ကျိုးဟန်ကို လေဆိပ်လုံခြုံရေးဂိတ်အထိလိုက်ပို့ပေးပြီး၍ သူ့ကားဆီပြန်ရောက်သည့်အချိန်တွင် သူ့ဖုန့်းဆီက စာတိုဝင်ကြောင်း အသိပေးသံထွက်ပေါ်လို့လာသည်။
"သင် နှင့် မူ သည် လိုက်ဖက်မှုရှိကြပါသည်"
စုန့်ယွမ်ရှဲန် ဖုန်းပေါ်ကစာကို ဖတ်လိုက်သည်နှင့် သူ တစ်ခါမှ အသုံးမပြုဖူးသော App တစ်ခုမှ ဝင်သောစာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ App ထဲ ဝင်လိုက်သည့်အခါ ဖုန်းမျက်နှာပြင်တစ်ခုလုံးကို ဖုံးသွားနိုင်သည့် ကိုယ်တစ်ပိုင်းပုံတစ်ပုံကို တွေ့လိုက်ရသည်။
ပုံက ပါးအောက်ဖျားလေးကနေ လည်ပင်းတစ်ဝိုက်အထိ ရိုက်ထားသည့် Selfie ပုံတစ်ပုံ .. ပုံထဲကလူသည် ရှပ်အင်္ကျီအနက်ရောင်ကို ဝတ်ထားပြီး လည်ပင်းက လည်စေ့လည်း မဟုတ်သလို သိပ်ပြီးတော့လည်း ဟိုက်နေတာမျိုးမဟုတ်ပဲ နူးညံ့မည်ထင်ရသည့် ညှပ်ရိုးတစ်ဝိုက်ကို တစ်စွန်းတစ်စမြင်နိုင်သည်။ ထိုသူ၏ ရှပ်အင်္ကျီအောက်မှ ရင်ဘတ်ကတော့ ပြားချပ်လို့နေသည်။ ပုံကို တစ်ချက်ကြည့်ရုံမျှနှင့်တော့ ယောက်ျားလား၊ မိန်းမလား ခွဲခြားပြော၍မရနိုင်သော ပုံဖြစ်သည်။
သူ ဖုန်းမျက်နှာပြင်ကို ဆွဲချလိုက်သည်နှင့် တစ်ဘက်မှလူ၏ ကိုယ်ရေးအကျဥ်းကို တွေ့လိုက်ရသည်။ မူ၊ အမျိုးသား၊ အာရှနွယ်ဖွား၊ အသက်-၂၁။
App မှ ဖော်ပြထားသော ကိုယ်ရေးအကျဥ်းက ထိုမျှသာဖြစ်သည်။
အကယ်၍ သူလက်ခံမည်ဆိုပါက App ရှိ ညာဘက်ထောင့်မှ နေရာလေးကို သွားပြီး လက်ခံကြောင်း အတည်ပြုရမည်ဖြစ်ပြီး ငြင်းဆိုပါက ဘယ်ဘက်ထောင့်လေးကို အတည်ပြုရမည်ဖြစ်သည်။
စုန့်ယွမ်ရှဲန် App ၏ အလုပ်လုပ်ပုံကို ကြည့်ပြီးသည်နှင့် ဒါ မည်သူ့လက်ချက်မှန်း တန်းသိလိုက်သည်။ ဒီလို စုံတွဲရှာသည့် App မျိုး ကျိုးဟန်ကလွဲလို့ သူ့ဖုန်းထဲ မည်သူမျှလာထည့်ရဲမှာမဟုတ်ချေ။
App မှ လက်ခံမည် သို့ လက်မခံပါဆိုသည့် စာသားက တစ်ဖျတ်ဖျတ် မှိတ်တုတ်မှိတ်တုတ်ဖြစ်လို့နေပုံက စုန့်ယွမ်ရှဲန်ကို မြန်မြန်ဖြေစေချင်သည့်ပုံပေါက်လို့နေသည်။
KAMU SEDANG MEMBACA
အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}
RomansaTitle: ST Author: ကာပီချူး Status: Completed with 33 Chapters Homophobic Top X Clingy Bottom **I do not own this story. All the credits go to the original author, publisher and translator.**