{Unicode}
Andrew က တော်တော်တော့ ထူးဆန်းသည်။
သူ့ဆီမှ ပြန်စာ တစ်ခါ တစ်ခါပြန်လာဖို့ဆို တော်တော်ကြာသည်။ ဖုန်းခေါ်ဖို့ မပြောနှင့် Voice massage တောင် ပို့ချင်ပုံမရပေ။ ဒီလို အခြေအနေမျိုးနှင့် အပြင်မှာ တွေ့ကြဖို့ဆိုသည်က အဝေးကြီးမှာဖြစ်သည်။ Andrew လိုလူမျိုးက ဘာကိစ္စ Dating App ကို သုံးတယ်ဆိုတာ ဖန်းကျိုးမူ တွေးတောလို့တောင် မရ။
ဒါပေမဲ့လည်း Andrew နဲ့ အကြိမ်ရေတော်တော်များများ ပြောဆိုပြီးတဲ့နောက်ပိုင်း တစ်ဘက်လူရဲ့ အကျင့်စရိုက်တွေကို ဖန်းကျိုးမူ နားလည်စပြုလာသည်။ Andrew လို ပုံစံမျိုးက တစ်ခြားသူနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆို အချိန်တော်တော်ယူရမည့်သူမျိုး။ ပြီးတော့ ဖန်းကျိုးမူဘက်က စာအများကြီး ပို့ထားပြီးတာတောင် သူ့ဘက်က အိန္ဒြေကြီးတစ်ခွဲသားနှင့် စာပြန်ဖို့ အချိန်က ကြာချင် ကြာသေးသည်။ Andrew ဆီမှ ပြန်စာများက အများအားဖြင့် တုံးတိဖြစ်နေတတ်ပေမဲ့ လုံးဝ မသိကျိုးကျွံပြုနေတာမျိုးတော့ မဟုတ်ပြန်ပေ။
ဖန်းကျိုးမူ၏ မနေမနား တကျီကျီပို့နေတတ်သော စာများကြောင့် အရင်ကထက်စာရင် Andrew က တိုးတက်လာပြီဟုတော့ ပြောလို့ရသည်။ သိပ်မကြာသေးခင်တုန်းက သူ Andrew ကို တခြားသူတွေနဲ့ စကားပြောတာမျိုးကော မရှိဘူးလားဟု မေးမိလိုက်သည်။ Andrew က သူ့မေးခွန်းကို မဖြေပဲ ဖန်းကျိုးမူ မထင်ထားသည်ကို ပြန်မေးလာသည်။
Andrew .. "မင်းကော"
ဖန်းကျိုးမူ .. "ကျွန်တော် အရင်မေးတာလေ"
တစ်ကယ်က Andrew အပြင် ဖန်းကျိုးမူကို စကားလာပြောသော တခြားသူတွေလည်းရှိသေးသည်။ သူတို့က မြန်မြန်ဆန်ဆန်ကိုပဲ ရှေ့တိုးချင်ကြကာ လက်ခံစကားပြောလိုက်သည်နှင့် တစ်ကိုယ်လုံးချွတ်ပြပြီး Video call ခေါ်ချင်ကြတာနှင့်၊ တန်းပြီးတွေ့ချင်ကြရတာနှင့်မို့ ဖန်းကျိုးမူ တန်းပြီးစိတ်ကုန်သွားရသည်။ သူတို့တွေနှင့်စာရင် Andrew လို အေးတိအေးစက် ရေခဲတုံးကြီးကမှ ယုံကြည်ချင်စရာကောင်းသေးသည်။ ဒါကြောင့်ပဲ သူ့ Contact list ထဲ Andrew တစ်ယောက်ကလွဲပြီး ကျန်တာတွေ အားလုံးဖျက်ပစ်လိုက်တော့သည်။
YOU ARE READING
အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}
RomanceTitle: ST Author: ကာပီချူး Status: Completed with 33 Chapters Homophobic Top X Clingy Bottom **I do not own this story. All the credits go to the original author, publisher and translator.**