အခန်း(၂၈)

8.3K 1.3K 32
                                    

{Unicode}


အခန်းကျဥ်းလေးအတွင်း အမှောင်ထု ကြီးစိုးလျက်ရှိသည်။ စုန့်ယွမ်ရှဲန်က ဖုန်းမီးကို ထုတ်ဖွင့်လိုက်တာကြောင့် အလင်းရောင်တန်းတစ်ခု ဖြာထွက်လာသည်။

စုန့်ယွမ်ရှဲန် .. "ဓာတ်မီးရှိလား"

ဖန်းကျိုးမူ .. "မရှိဘူး"

သူသည် ခုတင်ဘေးနားက စားပွဲရှိရာဆီသို့ စမ်းတဝါးဝါးနှင့် သွားလိုက်ပြီး အံဆွဲအတွင်း မွှေ​နှောက်ရှာဖွေလိုက်သည်။

ဖုန်းကို ဖွင့်မကိုင်တာ ကြာပြီ၊ အံဆွဲထဲပဲ ထည့်ထားမိသလား ဘယ်နားထားမိလဲ စဥ်းစားမရဖြစ်နေသည်။ ပထမအံဆွဲထဲ မရှိလျင် ဒုတိယတစ်ခုထဲမှာများလား။

"မူမူ"

စုန့်ယွမ်ရှဲန်က မေးသည်။

"မင်း တစ်ကယ်ကိုပဲ ဖုန်းမသုံးတော့ဘူးလား"

ဖန်းကျိုးမူသည် လည်စည်းပုဝါအောက်တွင် ဖုန်းကို စမ်းမိကာ ယူထုတ်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောသည်။

"တစ်ခါတစ်လေတောင် မသုံးဖြစ်ဘူး"

အကြောင်းက ဒီဖုန်းကို ကိုင်လိုက်ရုံနှင့်တင် စိတ်မကြည်မလင်ဖြစ်ရတာကြောင့်ဖြစ်သည်။

ဖုန်းပါဝါကို ပြန်ဖွင့်နေတုန်း ပြတင်းပေါက်ရှိရာသို့ သွားကာ ဖွင့်လိုက်ပြီး အပြင်လောကကို တစ်ချက်ကြည့်လိုက်သည်။ နှင်းခြုံထည်အောက်တွင်  လမ်းတစ်လျှောက်လုံးကလည်း အမှောင်ကျလို့နေသည်။ ဖန်းကျိုးမူသည် ဒီလိုရက်ရှည် နှင်းကျနေတာမျိုးကို မကြုံခဲ့ဖူးပေ။

အောက်ကို ငုံ့ကြည့်လိုက်တော့ စုန့်ယွမ်ရှဲန်၏ ကားကြီးသည်ပင် နှင်းတွေအောက် ပျောက်လုနီးနီးဖြစ်နေသည်။

ဖန်းကျိုးမူသည် လှေကားအောက်ကနေ လူတစ်ယောက်ဖြတ်သွားတာ တွေ့လိုက်၍ သူ့ဘာသာသူ ရွေရွတ်နေသည်။

"မီးက ဘယ်လိုဖြစ်လို့ ပြတ်တာပါလိမ့်"

"မူမူ"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူကို ခေါ်လိုက်သည်။ ဖန်းကျိုးမူသည် ပြတင်းတံခါးကို ပြန်ပိတ်ပြီး စုန့်ယွမ်ရှဲန်ကို လှည့်ကြည့်လိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now