အခန်း(၁၆)

7.4K 1.4K 45
                                    


{Unicode}



ဖုန်းချလိုက်ပြီ ဖြစ်သော်လည်း ဖန်းကျိုးမူ၏ မျက်နှာမှာ ပူနေတုန်းမို့ ဝရန်တာမှာပဲ ဆက်နေကာ လေညှင်းခံနေလိုက်သည်။

အပြင်ဘက်တွင် လေအေးများ တိုက်ခတ်လျက်ရှိသည်။ ဆန်၍တိုက်ခတ်နေသည့် လေပြည်ညှင်းကို မျက်နှာမူကာ ကြည့်လိုက်တော့ T တက္ကသိုလ်၏ ညကောင်းကင်အောက်တွင် ထိုးထိုးထောင်ထောင်နှင့် ယိမ်းနွဲ့နေသည့် မြက်တောများ၊ လမ်းမီးများ ထိန်ထိန်လင်းနေသည့် လမ်းမကြီးနှင့် အဝေးရှိ ကျောင်းအဆောက်အဦးများကို တွေ့မြင်ရသည်။

ခုနတုန်းက ဖန်းကျိုးမူသည် Andrew ကို သွေးတိုးစမ်းသည့် စကားများ ပြောလိုက်မိသည်။ Andrew က ဖန်းကျိုးမူကို မေးခွန်းတစ်ခုတောင် ပြန်မေးခဲ့သေးသည်။

"တစ်ကယ်ကြီး ကိုယ့်အိမ်ကို ခေါ်လို့ရတယ်ပေါ့"

"ခေါ်လို့ရတယ်"

"မင်း အတန်းဖော်က မရဘူး .. ကိုယ်တစ်ယောက်ပဲ ခေါ်လို့ ရတယ်ပေါ့"

Andrew က ဘာအတွက်ကြောင့်နဲ့ ဒီလို အသေအချာကြီး မေးနေမှန်း မသိပေမဲ့ သူ့အတွက်ကတော့ ဖြေစရာ တစ်ခုပဲ ရှိပါသည်။

"အင်း"

Andrew .. "ဘာလို့ ကိုယ်တစ်ယောက်တည်းကပဲ မင်းကို ခေါ်လို့ရတာလဲ"

သူ့ အသံက ခံစားချက်များ မပေါ်လွင်သွားအောင် ထိန်းချုပ်ထားရသည့်ဟန်ရှိသည်။ သို့တိုင်အောင် ဖန်းကျိုးမူ၏ မျက်နှာမှာ နီရဲလို့ လာရကာ နှလုံးခုန်သံများပင် မြန်ဆန်လာသည်။

ဖန်းကျိုးမူ၏ ခေါင်းထဲတွင် ဒီမေးခွန်းကို ပြန်လည်တုံ့ပြန်ဖို့ရန် အကြောင်းပြချက်များစွာပေါ်လာသည့်တိုင် သင့်လျော်သည့် အဖြေကို ရွေးချယ်ချင်းငြာမတတ်နိုင်ပဲ ဖြစ်နေရသည်။ ကံကောင်းစွာဖြင့်ပင် Andrew ကလည်း အလုပ်များသည်ထင်၊ ဒီခေါင်းစဥ်ကို ဆက်မမေးပဲ နေသည်။ ဖန်းကျိုးမူကို အိမ်ပြန်ရောက်ရင် သူ့ကို ပြောဖို့ရန်သာမှာပြီး ဖုန်းချလိုက်သည်။

Andrew ၏ အသံကို မကြားရတော့ပြီ ဖြစ်သော်လည်း ဖန်းကျိုးမူမှာတော့ တစ်ကိုယ်လုံးထူထူပူပူကြီးနှင့် ယောင်နနဖြစ်ကာ ကျန်ခဲ့သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now