အခန်း(၁၈)

6.8K 1.3K 41
                                    


{Unicode}

အဆောင်အောက် ရောက်သည်နှင့် အပေါ်ထပ်တစ်ထည်တည်းသာ ဝတ်လာခဲ့မိသည့်အတွက် ဖန်းကျိုးမူ နောင်တရမိသည်။ C မြို့၏ ပို၍ အချမ်းပိုလာသော ရာသီဥတုက သယ်ဆောင်လာသည့် လေကြမ်းကို အနွေးထည်ပါးပါးလေးဖြင့် တောင့်ခံနိုင်ရန် ခက်ခဲလှသည်။

စုန့်ယွမ်ရှဲန်သည် သူ လမ်းဆုံတွင် ရောက်ရှိနေကြောင်း စာထပ်ပို့လာသည်။

လေအေးကို အန်တုပြီး ဆက်လျှောက်သွားလိုက်ရာ လမ်းမကြီးဘေးတွင် ဖန်းကျိုးမူနှင့် မစိမ်းသည့် ကားကြီးတစ်စီး ထိုးရပ်ထားသည်ကို တွေ့လိုက်ရသည်။ ကားအနားရောက်သည်နှင့် တာယာမီးကျွမ်းသည့် ညှော်နံ့က စီးကြိုလို့နေသည်။

ကားနံဘေးတွင်တော့ ဖန်းကျိုးမူကို အကူအညီတောင်းခဲ့သည့် တစ်စုံတစ်ယောက်က ထီးထီးကြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဖန်းကျိုးမူ လာသည်ကို တွေ့သည်နှင့် သူ့ဘက်လှည့်လာကာ တိတ်တိတ်လေး ကြည့်နေပြီး အငွေ့ထွက်နေသည့် ကားတာယာကို လက်ညိုးထိုးပြသည်။

ဖန်းကျိုးမူတွင် ယာဥ်မောင်းလိုင်စဥ်ရှိသော်လည်း မောင်းနေကျ မဟုတ်သဖြင့် ကားနှင့်ပတ်သက်တာမျိုး သိပ်နားမလည်ပေ။ ကားကို တစ်ချက်မျှကြည့်ပြီး စုန့်ယွမ်ရှဲန်အနားသွားကာ မေးလိုက်သည်။

"ကားဘီးပေါက်သွားတာလား"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူကို ခေါင်းညိတ်ပြကာ လက်နှစ်ချောင်း ထောင်ပြသည်။

ဖန်းကျိုးမူ .. "နှစ်ဘီးတောင် .. ?"

နှစ်ဘီးတောင် ပေါက်ရတယ်လို့ .. သနားစရာကောင်းချက်။ လေကြမ်းတစ် ချက် ဝှေ့တိုက်လာသည်မို့ ဖန်းကျိုးမူ၏ ကိုယ်လုံးသည် တွန့်ကာသွားရသည်။

ဖန်းကျိုးမူ .. "ခု ငါတို့ ဘာလုပ်ကြမလဲ"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူထက် အများကြီး အရပ် ပိုရှည်သည်။ လမ်းမီး၏ အလင်းရောင်အောက်တွင် သူ၏ အရိပ်ကြီးက ဖန်းကျိုးမူအပေါ် မိုးနေပြီး အပေါ်စီးက ငုံ့ကြည့်နေသလိုဖြစ်နေကာ ဘာစကားမှလည်း ပြောမလာပေ။ ထိုသို့ စီးမိုးပြီး အကြည့်ခံနေရတာကြောင့် ဖန်းကျိုးမူမှာ ကြက်သီးတောင် ထချင်လာသလိုပင်၊ ထို့ကြောင့် တစ်ခြားဘက်ကို အကြည့်လွဲလိုက်ရသည်။ ဖန်းကျိုးမူသည် သူ့လက်တွေကို ခပ်တင်းတင်း ပိုက်ထားလိုက်ရင်း  လုံးဝကို ပျက်စီးနေသည့် တာယာတွေကို ကြည့်ပြီး ပြောလိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now