အခန်း(၃၂)

9.4K 1.3K 18
                                    


{Unicode}

အတွေးကိုယ်စီနှင့် သူတို့ သုံးယောက်သား စကားလက်ဆုံကျနေသည်။ ကျောင်းထဲဝင်ဖို့အချိန် နီးကပ်လာတော့ ဖန်းကျိုးလျန်ကို သူတို့အတူတူ လိုက်ပို့ကြသည်။

စားသောက်ဆိုင်နှင့် ကျောင်းကနီးပြီး နေ့လည်လည်းဖြစ်တာမို့ လူစည်ကားလျက်ရှိသည်။ ဖန်းကျိုးလျန် သွားသည့် လမ်းတစ်လျှောက်လုံး သူ့အတန်းဖော်တွေနှင့် တွေ့တိုင်း သူ့အကိုကို လက်ညိုးထိုးပြက မိတ်ဆက်ပေးသည်။

"ငါ့ အကိုနဲ့ သူ့ သူငယ်ချင်းလေ"

ဖန်းကျိုးလျန်ကို ကျောင်းပေါက်ဝအထိ လိုက်ပို့ပေးပြီးသည်နှင့် စုန့်ယွမ်ရှဲန်က ဖန်းကျိုးမူကို ငုံ့ကြည့်ကာ ပြောသည်။

"ကိုယ်တို့ အခု ဘယ်သွားမလဲ"

"အစကတော့ အိမ်တန်းပြန်မလို့ပဲ"

ဖန်းကျိုးမူသည် စုန့်ယွမ်ရှဲန်ကို ကြည့်ကာ ဆက်ပြောသည်။

"မင်း ဘယ်မှာတည်းတာလဲ"

"အိမ်မှာ .. ကိုယ့်မိဘတွေက A မြို့မှာ အလုပ်ရှိတော့ ဒီမှာနေကြတာ"

"အင်း"

ဖန်းကျိုးမူသည် ဘာမှထပ်မမေးတော့ပေ။

စုန့်ယွမ်ရှဲန်၏ အိမ်အကြောင်းနှင့် ပတ်သက်ပြီး သိသင့်သလောက်တော့ သိထားသည်ဆိုပေမဲ့ တကယ်တန်းကျ စုန့်ယွမ်ရှဲန် ဘယ်မြို့မှာ နေတယ်ဆိုတာတောင် သူမသိပေ။ သူ စုန့်ယွမ်ရှဲန်၏ အထက်တန်းအောင်လက်မှတ်ကိုတော့ တွေ့ဖူးသည်။ အထက်တန်းအောင်ပြီးတာနဲ့ C မြို့ကနေ ထွက်သွားပြီး နာမည်ကြီးသီးသန့်ကျောင်းသွားတက်ဆိုတာလောက်တော့ သိထားသည်။

"မင်း အိမ်ကို ဘာမှ မပြောပြရသေးဘူးပေါ့"

စုန့်ယွမ်ရှဲန်နှင့် ဖန်းကျိုးမူတို့ လမ်းအတိုင်း လျှောက်လာကြသည်။ စုန့်ယွမ်ရှဲန်က ဖန်းကျိုးမူကို လမ်းအတွင်းဘက်အခြမ်းတွင်နေစေကာ သူ့လက်တစ်ဖက်နှင့် ထိန်းထားပေးသည်။ ဖန်းကျိုးမူက စုန့်ယွမ်ရှဲန်ဘက်ကို ငှဲ့ကြည့်လိုက်သည့်အခါ စုန့်ယွမ်ရှဲန်က ဆက်ပြောသည်။

"ကိုယ့် အိမ်ကိုတော့ အကုန်ပြောထားပြီးပြီ"

စုန့်ယွမ်ရှဲန်၏ အသံခပ်နိမ့်နိမ်ကြောင့် သူ့ စိတ်ထဲမှာ စိုးရိမ်နေကြောင်း သိရှိနိုင်သည်။ ဖန်းကျိုးမူခေါင်းထဲ သတိပေးသံတွေ မြည်ကာသွားပြီး ခြေတောင် ချော်ချင်ချင် ဖြစ်သွားရသည်။ စုန့်ယွမ်ရှဲန်က သူ့လက်မောင်းကို လှမ်းဆွဲပြီး ထိန်းပေးထားသည်။ ဖန်းကျိုးမူ သူ့ကိုယ်သူ ပြန်ထိန်းနိုင်သွားမှ စုန့်ယွမ်ရှဲန်သည် ဘာလုပ်လို့ လုပ်ရမှန်း မသိတော့သည့်ဟန်နင့် ပြောသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now