အခန်း(၁၃)

7.2K 1.4K 18
                                    


{Unicode}



ည ဆယ်နာရီလေးဆယ့်ငါးလောက်တွင် ဖန်းကျိုးမူ၏ ဖုန်းသို့ မှာယူထားသော စားစရာများ ရောက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။

ဖန်းကျိုးမူ အောက်ထပ်သို့ ဆင်း၍ သွားယူလိုက်သည်။ စားစရာများ လာပို့သောသူသည် အချိန်ပိုင်း အလုပ်သမားဖြစ်ပုံရကာ သပ်ရပ်ကျနစွာ ဝတ်ဆင်ထားပြီး စားသောက်ဆိုင်မှ မန်နေဂျာနှင့်ပင် တူနေသည်။ သူ၏ လက်ထဲတွင်တော့ ကြီးမားသည့် စက္ကူအိတ်ကို ကိုင်လို့ထားသည်။

သူက ဖန်းကျိုးမူ၏ လက်တွင်းသို့ အိတ်ကို ရိုသေစွာ ကမ်းပေးလိုက်ရင်း သူတို့ဆိုင်ကို အားပေးသည့်အတွက် ပျော်ရွှင်ရကြောင်းတောင် ပြောသွားသေးသည်။

အခန်းတွင်းသို့ ရောက်သည်နှင့် လေးလံလှသော အိတ်ကို ဖွင့်ကြည့်လိုက်ရာ ဆယ်မျိုးခန့်မကသည့် စားသောက်စရာဘူးများကို တွေ့လိုက်ရသည်။ ဖန်းကျိုးမူ၏ စားပွဲသေးသေးလေးနှင့်တောင် မဆံ့ချင်ပေ။

အိတ်ထဲမှ အနည်းငယ် ယူထုတ်ပြီး တင်လိုက်ရုံနှင့်တင် သူ့ စားပွဲ တစ်ဝက်ကျော်ကျော်မျှ ပြည့်လို့သွားရသည်။ ဖန်းကျိုးမူ ပုံရိုက်၍ Andrew ဆီသို့ ပို့လိုက်သည်။

ဖန်းကျိုးမူ .. "ဘယ်လိုတောင် မှာလိုက်လို့ အဲ့လောက်အများကြီး ဖြစ်နေတာလဲ"

Andrew .. "စုံတွဲဟင်းလျာလေ .. ခုမှ ရောက်တာလား .. ကြာတာပဲ"

ဖန်းကျိုးမူ ဘူးတွေကို ဖွင့်လိုက်သည်နှင့် သေချာ အစီအရီစီ ထည့်ထားပုံရသည့် စားသောက်ဖွယ်ရာများကို တွေ့ လိုက်ရသည်။ ဖန်းကျိုးမူ စိတ်ထဲ တစ်စုံတစ်ခုကို ပြန်ပြောင်းသတိရမိသည်။

ထို တစ်စုံတစ်ခုက အချိုပွဲဘူးကို ဖွင့်မိလိုက်သည်နှင့် သေချာလို့သွားရသည်။ Andrew သူ့ အတွက် မှာပေးသည့် စားစရာများမှာ ညနေတုန်းက ဖန်းကျိုးမူ သွားရောက်ခဲ့သည့် ဆိုင်မှပင် ဖြစ်သည်။

ဖန်းကျိုးမူ ခေတ္တမျှ စွံ့အလို့ သွားရသည်။ ပထမတော့ ကြည်နူးလို့ သွားရကာ နောက်တော့ တစ်ခုခုက မူမမှန်တော့သလို ခံစားလာရပြန်သည်။ သေချာပြန်စဥ်းစားနေရင်း ကိုင်ထားလက်စဖြစ်နေသည့် အစားအစာများကို ပြန်ချထားလိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now