အခန်း(၂၄)

7.2K 1.3K 21
                                    


{Unicode}



အခန်းထဲရောက်သည်နှင့် ဖန်းကျိုးမူသည် သူ ဝတ်ဆင်ထားသည့် ကုတ်အင်္ကျီကို ချွတ်ကာ ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။

ဟိုတယ်ပြတင်းတွင် တပ်ဆင်ထားသည့်မှန်များက မြင်တွေ့နေကျ နှစ်ထပ်မှန်မျိုးဖြစ်သည်။ အပြင်ဘက်တွင် တိုက်ခတ်နေသည့် မိုးစက်မိုးပေါက်များက ပြတင်းမှန်ပေါ် လာရိုက်ခတ်လျက်ရှိသည်။

ဖန်းကျိုးမူသည် ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကို ငေးကြည့်နေမိသည်။ မိုးစက်များကြောင့် အပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာ ကားမီးရောင်များကို မှိန်ပျပျသာ လှမ်းမြင်ရသည်။ မီးအလင်းရောင်များဖြင့် လင်းထိန်နေရမည့်မြို့က အခုတော့ အမှောင်​ထု လွှမ်းခြုံလျက်ရှိသည်။

ခန်းဆီးလိုက်ကာကို ဆွဲပိတ်လိုက်ကာ TV ကို ဖွင့်လိုက်သည်။ ရှိသမျှလိုင်းတွေက Seattle တွင် တိုက်ခတ်နေသည့် လေမုန်တိုင်းသတင်းများနှင့် မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ကာ ကားလမ်းများပိတ်ဆို့ကုန်သည့် သတင်းများသာ ဖြစ်နေသည်။

ဖန်းကျိုးမူထိုင်နေရင်း သူ့အဝတ်အစားများက မိုးရေကြောင့် စိုထိုင်းထိုင်းဖြစ်ကုန်ကာ နေလို့အဆင်မပြေတော့တာကို ခံစားလိုက်ရသည်။ သူ အခန်းမီးကို အရင်ဆုံး ပိတ်လိုက်သည်၊ ထို့နောက် အဝတ်တွေကို တစ်ထည်ပြီး တစ်ထည် ချွတ်ချကာ အိပ်ယာပေါ် လှဲအိပ်သည်။ ခုနလေးတင် ရေချိုးထားတာမို့ ထပ်ချိုးချင်စိတ်လည်း မရှိပေ။

သူ့ မျက်စိတွေကို ပိတ်လိုက်ပြီး အိပ်ပျော်ဖို့ရန် ကြိုးစားကြည့်သော်လည်း အိပ်ပျော်မသွားသည့်အပြင် ခေါင်းကပါ တဆစ်ဆစ်နှင့် ကိုက်လာသည်။ သူ အပေါ်ပိုင်း ဗလာချွတ်နှင့်ပင် တစ်ကိုယ်လုံးကို စောင်တွေပတ်ထားပြီး နေနေတာ ဖြစ်သည်။ အခန်းတွင်းအပူချိန်ကလည်း သိပ်မအေးတာမို့ ခဏအကြာတွင် သူ့တစ်ကိုယ်လုံး နွေးထွေးစပြုလာသည်။ သူ လှုပ်လှုပ်ရှားရှား လုပ်လိုက်သည့် အချိန်တိုင်း စောင်နှင့် ပွတ်တိုက်မိရာမှ ဖြစ်လာသည့် ကြမ်းရှရှ အထိအတွေ့က ဖန်းကျိုးမူကို ယားကျိကျိဖြစ်စေသည်။ ထိုထိတွေ့မှုလေးက တစ်စုံတစ်ယောက်ကပဲ သူ့ကို လာထိနေသလိုလို၊ တစ်ယောက်ယောက်ကပဲ သူ့ကို အနောက်ကနေ ဆွဲယူပွေ့ဖက်ထားသလိုလို၊ သူ့မေးဖျားလေးကို အနမ်းဖွဖွချွေနေသလို ခံစားရစေသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora