အခန်း(၂၉)

8.7K 1.4K 39
                                    

{Unicode}


ဖန်းကျိုးမူသည် စုန့်ယွမ်ရှဲန်ကားထဲတွင် တစ်ရေးရသည်။

စုန့်ယွမ်ရှဲန်၏ အိမ်က သူနေသည့်နေရာနှင့် သုံးကီလိုမီတာလောက်ဝေးသည်။ Dating app ထဲတွင် သူတို့နှစ်ဦးက နီးကပ်သည့် အကွာအဝေးမှာပင်ရှိသည်ဟု ပြဖူးသည်။ စုန့်ယွမ်ရှဲန်က ကားကို ကားရုံထဲသွင်းပြီးချိန်တွင် ဖန်းကျိုးမူ နိုးလာသည်၊ စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူကို ဒုတိယထပ်ရှိ အခန်းတစ်ခန်းသို့ ဦးဆောင်ခေါ်လာသည်။

ဧည့်သည်နေဖို့ပြင်ဆင်ထားသည့် အခန်းက ရေချိုးခန်း အိမ်သာ အပြည့်အစုံပါသည်။ စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူကို နေရာချပေးပြီးသည်နှင့် အကြာကြီးမနေပဲ ထွက်ကာသွားသည်။

တစ်နေ့လုံး သွားလာထားပြီး အိပ်လက်စ မပြေသေးတာကြောင့် ဖန်းကျိုးမူသည် ကိုယ်လက်သန့်စင်စရာရှိတာပြီးသည်နှင့် အိပ်ယာပေါ်လှဲချကာ အိပ်စက်လိုက်တော့သည်။

နောက်တစ်ရက်အိပ်ယာထချိန်တွင် ဖန်းကျိုးမူ၏ တစ်ကိုယ်လုံး ကိုက်ခဲ၍နေကာ လည်ချောင်းကပါ နာချင်နေသည်။ အအေးမိသည့် လက္ခဏာတွေကတော့ ပြလို့နေပြီ။ ရေသောက်ချင်လာသောကြောင့် သူ့ညဝတ်အင်္ကျီတွေနင့်ပင် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

စုန့်ယွမ်ရှဲန်၏ အိမ်က အတော်ပင် ကျယ်ဝန်းသည်။ ထမင်းစားခန်းရှိလောက်သည့်နေရာကို မှန်းသွားလိုက်တော့ စုန့်ယွမ်ရှဲန်က ရောက်နှင့်နေပြီဖြစ်သည်။ စုန့်ယွမ်ရှဲန်သည် ဆန်ပြုတ်တစ်အိုးနှင့် အလုပ်များနေသည်။

"စုန့်ယွမ်ရှဲန်"

စုန့်ယွမ်ရှဲန်သည် သူ့ ခေါ်သံကြားမှ လှည့်ကြည့်ပြီး မေးလာသည်။

"နိုးပြီလား"

ဖန်းကျိုးမူသည် နှာတစ်ချက် ချေလိုက်ရင်း

"ငါ အအေးမိပြီထင်တယ် .. ရေ ဘယ်နားမှာလဲ .. ရေအရမ်းငတ်တယ်"

စုန့်ယွမ်ရှဲန်သည် လက်ထဲက ဆန်ပြုတ်မွှေနေသည့် ယောက်ချိုကို ချလိုက်သည်။ သူ့ဘေးနားတွင် အသင့်ရှိသည့် အနွေးထည်ကို ဖန်းကျိုးမူဆီ ကမ်းပေးသည်၊ အခန်းတွင်းအနွေးဓာတ်ကို နှစ်ဒီကရီ ထပ်မြှင့်လိုက်ပြီး ရေတစ်ခွက် ငှဲ့ကာပေးသည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now