အခန်း(၂၂)

7.4K 1.3K 36
                                    

{Unicode}

ဖန်းကျိုးမူ ပြောလိုက်သည့် စကားတို့ကို ကြားလိုက်ရပြီး Andrew မှာ ကျောက်ရုပ်ကြီး တစ်ရုပ်လိုပင် ငြိမ်သက်လို့သွားသည်။ သူ့ပုံစံက သေချာ အလေးအနက် စဥ်းစားနေရသည့် အတိုင်း။

Andrew ၏ လက်တို့က တန်ဖိုးရှိသည့် အရာတစ်ခုကို တင်းကျပ်နေအောင် ထွေးပွေ့ထားသကဲ့သို့ပင် ဖန်းကျိုးမူကို ဖက်တွယ်ကာထားသည်။ ခဏအကြာတွင် သူက စကားဆိုလာသည်။

"ဒီလိုဆို မီးတွေကိုတော့ အရင်ဖွင့်သင့်တာပေါ့"

ဖန်းကျိုးမူက ပျင်းရိစွာနှင့်ပင်

"ကျွန်တော်တော့ ဖွင့်မနေတော့ဘူး .. ဖွင့်ချင် ကိုယ့်ဘာသာ သွားဖွင့်"

ဖန်းကျိုးမူသည် သူတို့နေနေသည့် ပုံစံကို ပြောင်းလိုက်ကာ Andrew ကို ပုခုံးမှနေ၍ ဖိချလိုက်ပြီး ကိုယ်ပေါ်ကို တက်ခွလိုက်သည်။ သူ့လက်တွေက အောက်ဘက်ကို ရွေ့လျားလို့သွားကာ ရည်ရွယ်ရာဆီ မရောက်သေးခင်မှာပင် Andrew ၏ လက်များနှင့် တားဆီးခံလိုက်ရသည်။

သူ့လုပ်ရပ်ကို မိသွားသည့်တိုင် ဖန်းကျိုးမူက အရှက်မဲ့စွာပင် ပြန်မေးနေလိုက်သေးသည်။

"ဘာလို့လဲ .. ရှက်နေတာလား .. ကျွန်တော် ခင်ဗျားဆီအထိတောင် ရောက်လာပြီးမှ ဘာလို့ တွန်းထုတ်နေသေးတာလဲ .. ခင်ဗျားက မလိုချင်ဘူးဆိုတဲ့ သဘောပေါ့"

"ဖန်းကျိုးမူ"

Andrew က ရုတ်တရက်ကြီး သူ့ကို နာမည့်အပြည့်အစုံတပ်ပြီး ခေါ်လိုက်သည်။

ဖန်းကျိုးမူ၏ ရင်ထဲ နိမိတ်မကောင်းသည့် ခံစားချက်ကြီးက ဝင်ရောက်လာသည်။ ဘာကြောင့်ဆိုတာ သူလည်း မသိ၊ စဥ်းစားနေချိန်လည်း မရှိပေ။

သူ့ နာမည်ကို ခေါ်ပြီး Andrew ဘက်က ဘာမှ ဆက်မလုပ်လာပဲ သူတို့ နှစ်ယောက်စလုံး ခေတ္တမျှ ငြိမ်သက်လို့ သွားကြသည်။ ထို့နောက် ဖန်းကျိုးမူသည် Andrew ၏ လည်ပင်းကို ဖက်တွယ်လိုက်ကာ သူ့နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်လိုက်သည်။

ဖန်းကျိုးမူ၏ တစ်ကိုယ်လုံးက Andrew ကိုယ်ပေါ်ကို ဖိလို့ထားကာ သူ့ သွားများနှင့် Andrew ၏ နှုတ်ခမ်းသားတို့ကို တစ်တိတိနှင့် ကိုက်ပစ်လိုက်သည်။ Andrew ၏ တီရှပ်တွေကို ဆွဲချွတ်နေရင်း သူ့တစ်ကိုယ်လုံးကလည်း တစ်ဖြည်းဖြည်းနှင့် ပူလောင်လို့လာသည်မို့ သူ့ အဝတ်တွေကို ပါ ချွတ်ပစ်လိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now