အခန်း(၂၆)

7.8K 1.3K 7
                                    

{Unicode}



နှင်းကျသည်က ပို၍ ပို၍ ထူထပ်လာသည်။

ယခု ဗုဒ္ဓဟူးညနေခင်းတွင်လည်း နှင်းများကျနေပုံက တစ်နှစ်ပတ်လုံးကျနေတော့မည့်ပုံနှင့်ဖြစ်သည်။ နောက်တစ်နေ့ အတန်းမရှိသောကြောင့် ဖန်းကျိုးမူသည် မနက် ကိုးနာရီကျော်သည်အထိ အိပ်ပစ်လိုက်သည်။ သူ အောက်ထပ်ဆင်းသည့်အချိန်တွင် နှင်းကော်စက်များနှင့် နှင်းခဲများကို ရှင်းလင်းပြီးချိန်ဖြစ်သည်မို့ အတားအဆီးမရှိ အေးဆေးစွာလမ်းလျှောက်ဖို့ အဆင်ပြေသည်။

ဖန်းကျိုးမူသည် ကျောင်းတွင်ရှိနေတာ မဟုတ်လျင် သူ့အစာစားချိန်က မမှန်တတ်ပေ။ လမ်းဆုံနားက ပေါင်မုန့်ဆိုင်တွင် ပေါင်မုန့်ဝယ်ပြီး ပြန်တက်လာကာ ကော်ဖီတစ်အိုးနှင့် တစ်နေကုန် စာထိုင်ဖတ်ဖြစ်လိုက်သည်။

သူ့ အခန်းပြတင်းပေါက်လေးက နှင်းခဲတို့ဖြင့် ကပ်နေသည်မို့ အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ဆိုတာ လှမ်းမမြင်ရပဲရှိသည်။ သောကြာနေ့မနက်ထလာသည့်အချိန် ပြတင်းပေါက်ကို ဖွင့်ကြည့်မိတော့ တစ်လောကလုံး လမ်းမီးတိုင်ပါမကျန် နှင်းတွေနှင့် ဖုံးလွှမ်းကာ မြင်မြင်ရာတိုင်း ဖြူဖွေးလို့နေသည်။

နှင်းက ကျနေတုန်းပဲဖြစ်သည်။ သူ နေ့လည်ခင်းတွင် အတန်းရှိရာ ဒီလို ရာသီဥတုမျိုးနှင့် အပြင်ထွက်ဖို့ဆိုသည်က ခေါင်းခြောက်စရာပင်။ ကျောင်းကို ဘယ်လို သွားရမည်ဆိုတာ တွေးမရသည်နှင့် ပြတင်းပေါက်ကို ပြန်ပိတ်ကာ သူ့ Mail တွေကို စစ်ရင်း ကျောင်း Website ကိုပါ ဝင်ကြည့်လိုက်သည်။ သို့သော် သူ မျှော်လင့်နေသည့် အတန်းဖျက်ကြောင်း အကြောင်းကြားစာမျိုးတော့ မရှိ၊ စိတ်ပျက်စွာနှင့် ပြန်ထွက်ခါနီးတွင် Mail အသစ် တစ်စောင်ရောက်နေတာ တွေ့လိုက်ရသည်။

တက်ကြွစွာနှင့်ပင် Mail ကို ဖတ်လိုက်သည့်အခါ မျှော်လင့်မထားသည့် စုန့်ယွမ်ရှဲန်ဆီက ဖြစ်လို့နေသည်။ သူက နေ့လည် တစ်နာရီအတန်း ရှိ၊ မရှိ မေးထားတာဖြစ်သည်။

နှင်းတောထဲက စုန့်ယွမ်ရှဲန်၏ ကျောဘက်ကို ပြန်အမှတ်ရမိပြီး ဖန်းကျိုးမူ၏ စိတ်တို့က ပျော့ပြောင်းကာ သွားရသည်။ သူ စုန့်ယွမ်ရှဲန်၏ Mail ကို Black list ထဲ မထည့်ပဲ ထားလိုက်ပြီး စာလည်း မပြန်ပဲ နေလိုက်သည်။ Mail ကို ဖျက်လိုက်ပြီး ဘာစာမှ ရောက်မလာသကဲ့သို့ပင် သဘောထားကာ အတန်းဖျက်သည့် အကြောင်းကြားစာကို စောင့်လိုက်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now