{Unicode}ဖန်းကျိုးမူသည် ပတ်တီးစည်းပေးပြီးပြီသည်နှင့် ဆေးသေတ္တာကို ပြန်သွားထားသည်။ ထိုအချိန်တွင် စုန့်ယွမ်ရှဲန်၏ ဖုန်းက ထမြည်လာသည်။ ခေါ်ဆိုသူက ကျိုးဟန်။
စုန့်ယွမ်ရှဲန်သည် ဖုန်းဖြေရန် ငြင်းဆိုလိုက်ကာ ကျိုးဟန်ဆီသို့ စာတိုပို့လိုက်သည်။
"မင်းဘာသာမင်း ငါ့အိမ်ကို သွားထားလိုက်"
"မင်း ကားပြင်နေတာလား .. ဒီလိုဆို အဲ့ဆိုင်ကို လာမယ်လေ"
"မလာနဲ့"
ကျိုးဟန်ဆီကို ခပ်တိုတိုပဲ စာပြန်ပို့လိုက်ပြီးချိန်တွင် ဖန်းကျိုးမူက သူ့အရှေ့ပြန်ရောက်လာသည်။
အာမခံကုမ္ပဏီဆီ ဖန်းကျိုးမူကို ပြောခိုင်းခဲ့သမျှက အကုန်လုံးအမှန်တွေမဟုတ်သည့်တိုင် မှားနေတာတော့လည်းမဟုတ်။
လွန်ခဲ့သည့် နှစ်ရက်လောက်တုန်းက သူ့အိမ်မှာ ခေတ္တမျှလာတည်းမည်ဖြစ်ကြောင်း ကျိုးဟန်ဆီမှ ဖုန်းဆက်လာသည်။ အဲ့အချိန်တုန်းကတည်းက စုန့်ယွမ်ရှဲန်မှာ မျက်ခုံးလှုပ်နေတာဖြစ်သည်။
မနေ့က မနက်ကျတော့ ချိုင့်ပေါသည့်လမ်းကို ဖြတ်မောင်းရတာမို့ သူ့ကား System ကနေ တာယာလေမညီကြောင်း အချက်ပြလာသည်။
နေ့လည်ဘက်ကျတော့ သူ့အမျိုးအဆွေများကို သွားတွေ့ရသည်။ အဲ့က ထွက်လာပြီး မကြာခင်မှာပင် ကားဘီးက စပေါက်တော့သည်။ သူရောက်နေသည့်နေရာက ကားပြင်သည့်နေရာမရှိတာနှင့် ကိုယ့်ဘာသာကိုယ်ပဲ အပိုပါလာသည့် တာယာနှင့် ဖြုတ်လဲလိုက်သည်။ ပေါက်နေသည့် မူလကားဘီးကို ဖြုတ်လိုက်ပြီးခါမှ အပိုတာယာက တကယ်တမ်းတပ်ရမည့် ကားတာယာထက် မဆိုစလောက် ဆိုဒ်သေးနေမှန်း တွေ့လိုက်ရသည်။ သူလည်း မထူးတော့တာနှင့် ထိုအပိုတာယာကိုပဲ ရအောင် တပ်လိုက်ပြီး အနီးဆုံးကားပြင်သည့်နေရာအထိ မောင်းသွားရန် ဆုံးဖြတ်လိုက်သည်။ သိပ်တောင် မမောင်းလာရသေးခင်မှာပဲ ချိုင့်ပေါသည့်နေရာကို ထပ်ဖြတ်ရပြန်တာကြောင့် ကားက အချက်ပြလာပြန်သည်။
စုန့်ယွမ်ရှဲန် ကားရပ်ပြီး ဆင်းကြည့်တော့ ထိုအပိုတာယာကပါ ပေါက်သွားတာ တွေ့လိုက်ရသည်။ သူ့ကားကို ဆွဲဖို့ ဖုန်းဆက်ရန် ကြံနေတုန်းမှာပင် ဖန်းကျိုးမူဆီမှ စာဝင်လာတာဖြစ်သည်။
YOU ARE READING
အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}
RomanceTitle: ST Author: ကာပီချူး Status: Completed with 33 Chapters Homophobic Top X Clingy Bottom **I do not own this story. All the credits go to the original author, publisher and translator.**