အခန်း(၂၁)

7K 1.3K 35
                                    


{Unicode}

ဖန်းကျိုးမူ Seattle ကိုရောက်တော့ ညနေသုံးနာရီ ထိုးနေပြီဖြစ်သည်။

သူရောက်သည့် အချိန်တွင် မိုးရွာလျက်ရှိသည်။ ခရီးဆောင်အိတ် အလေးကြီးဖြစ်မှာစိုး၍ လိုသည့် ပစ္စည်းလောက်ပဲ ထည့်ခဲ့ရာ ထီးမယူလာမိပေ။

လေယာဥ်ပေါ် မတက်ခင်ကပင် Andrew က သူ တည်းသည့် Hotel လိပ်စာကို ပြောပြထားပြီးသားဖြစ်သည်။ ထိုနေရာက လေယာဥ်ကွင်းနှင့် အနည်းငယ် ဝေးသည်။ မရောက်ဖူးသည့်နေရာ အသစ်တွင် လမ်းမှားမည် စိုးသောကြောင့် Taxi ကိုသာ ငှားလာလိုက်သည်။

Taxi ထဲ ဝင်လိုက်သည်နှင့် Andrew ကို သူ ရောက်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

Andrew က ချက်ချင်းပဲ တုံ့ပြန်လာသည်။

"လမ်းပေါ်တောင် ရောက်နေပြီပေါ့"

Taxi စတင် ရွေ့လျားသည်နှင့်အတူ အပြင်မှ အရိပ်များကိုလည်း ရိပ်ကနဲ ရိပ်ကနဲသာ မြင်ရတော့သည်။

Andrew ဘက်က ကြားရသည့်အသံက တည်ငြိမ်အေးဆေးနေသည်မို့ သူ ဘယ်နေရာကနေ လှမ်းပြောနေသည်ဆိုတာကို မသိနိုင်သည့်အပြင် Andrew ၏ စိတ်ခံစားချက်တို့ကိုလည်း မမှန်းဆနိုင်ပေ။ ဖန်းကျိုးမူသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီး

"အင်း .. လေယာဥ်ကွင်းကနေဆို အဲ့ရောက်ဖို့ ဘယ်လောက်ကြာလောက်လဲ"

Andrew ခဏလောက်ကြာမှ ပြန်ဖြေလာသည်။

"ကား မပိတ်ဘူးဆို မိနစ်လေးဆယ်လောက်ပေါ့"

ဖန်းကျိုးမူသည် လေယာဥ်ပေါ် အချိန်တော်တော်ကြာကြာ စီးခဲ့ရသည်မို့ သူ့ ခန္ဓာကိုယ်ကို ဘယ်ဘက်ပဲ လှည့်လှည့် တောင့်တောင့်ကြီး ခံစားနေရတုန်းဖြစ်သည်။ လေဝင်လာစေရန် ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး Andrew ကို မေးလိုက်သည်။

"Hotel ကို ဘယ်အချိန် ပြန်ရောက်မှာလည်း .. ကျွန်တော် စောင့်နေရမှာလား"

Andrew .. "ကိုယ် အခု Hotel ကို ပြန်လာတဲ့ လမ်းမှာ .. ကိုယ့်ထက် အရင် ရောက်နေလည်း ဘာမှ မဖြစ်ဘူး .. Reception ကို အခန်းကဒ်ပေးဖို့ မှာထားပြီးသား .. ကိုယ့်အခန်းနံပါတ် ပြောပြလိုက်ရုံပဲ"

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now