အခန်း(၂၃)

7.3K 1.2K 13
                                    


{Unicode}




ဖန်းကျိုးမူသည် ဘာကိုမှ မရေးမစိုက်ဟန်ဖြင့် အခန်းအပြင်သို့ ထွက်သွားသည်။ စုန့်ယွမ်ရှဲန်မှာ အတင်းအကျပ်ကြီးလည်း ဆွဲမထားရက်၊ ထွက်လည်း မသွားစေချင်နှင့် ကျဥ်းထဲကျပ်ထဲ ကျရောက်နေသည်။ ဖန်းကျိုးမူလက်ကို လှမ်းဆွဲကိုင်ချင်ဇောနှင့် အခန်းကဒ်ကိုတောင် ယူမလာနိုင်ပဲ ဖန်းကျိုးမူ အနောက်ကနေ တန်းလန်းကြီးပါလို့သွားသည်။

ဓာတ်လှေကားရှိသည့် နေရာနှင့် စုန့်ယွမ်ရှဲန်အခန်းက သိပ်အဝေးကြီးမဟုတ်ပဲ အောက်ဆင်းဖို့ရန်အတွက် ကြားတွင်ရှိသည့် ဧည့်သည်နားနေခန်းကို ဖြတ်ကာသွားရသည်။ နားနေခန်းကို အဖြတ်တွင် စကားဆက်ပြောရန်အခွင့်မသာသောကြောင့် စုန့်ယွမ်ရှဲန်မှာ ကိုယ်ရှိန်သတ်လိုက်ရသည်။ နောက်ဆုံးတွင် ဖန်းကျိုးမူလက်ကို လွှတ်ပေးလိုက်ကာ ဓာတ်လှေကားမှ အောက်ဆင်းသည့် ခလုတ်ကို နှိပ်ပေးပြီး ပြောလိုက်သည်။

"ကိုယ် လိုက်ပို့ပေးမယ်"

စုန့်ယွမ်ရှဲန်သည် ဖန်းကျိုးမူဘေးနား ပေကပ်ပြီး ရပ်နေသည်။ ဖန်းကျိုးမူကတော့ သူ့ကို ဖုတ်လေသည့်ငပိ ရှိတယ်လို့ကို မသတ်မှတ်ထားသည့်ပုံနှင့်ဖြစ်သည်။ ဖန်းကျိုးမူသည် ဓာတ်လှေကားရောက်လာသည်နှင့် တန်းဝင်သွားသည်။ စုန့်ယွမ်ရှဲန်ကလည်း အနောက်မှ ထပ်ကြပ်မကွာလိုက်ဝင်သည်။

သူတို့ အောက်ထပ်ရောက်ချိန် ဧည့်ခန်းမကြီးတွင် ဧည့်သည်တော်တော်များများ ရှိနေသည်။ ညနေခြောက်နာရီကျော်ရုံမျှသာရှိသေးသော်လည်း အပြင်ဘက်ရှိ ကောင်းကင်ကြီးကတော့ မှောင်မဲလို့နေပြီဖြစ်သည်။

ဟိုတယ်မန်နေဂျာဖြစ်ပုံရသည့် လူတစ်ယောက် ဖြတ်လျှောက်လာတာကို မြင်သည်နှင့် စုန့်ယွမ်ရှဲန်သည် လှမ်းတားကာ မေးလိုက်သည်။

စုန့်ယွမ်ရှဲန် .. "ဘာဖြစ်နေတာလဲ"

ဟိုတယ်မန်နေဂျာ .. "မုန်တိုင်းရှိလို့ဗျ"

မန်နေဂျာသည် ဖြေပြီးတာနှင့် လျင်မြန်စွာပင် ထွက်သွားသည်။

ဖန်းကျိုးမူမှာ ခေါင်းခဲကာသွားရသည်။ သူ့ဖုန်းကိုဖွင့်ပြီး C မြို့သို့ ညချင်းပြန်ရောက်နိုင်သည့် လေယာဥ်လိုင်းကို ရှာသည်။ သို့သော်လည်း မုန်တိုင်းကြောင့် ခရီးစဥ်များကို ဖျက်သိမ်းလိုက်သည့်အကြောင်းများနှင့် တက်လာသမျှကလည်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းတွေချည်းသာဖြစ်သည်။

အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Where stories live. Discover now