အခန်း(၇)

7.3K 1.4K 24
                                    

{Unicode}


နောက်တစ်ရက် မနက်ခင်းတွင် ဖန်းကျိုးမူ အစောကြီး အိပ်ယာကနေ ထလိုက်သည်။ သူ ဓာတ်ခွဲခန်းအရင်သွားလိုက်ပြီး မနေ့က မပြီးသေးသည့် ကိစ္စတွေကို လက်စသတ်ပြီးသည်နှင့် မြို့ထဲသို့ Bus ကားစီးပြီး ထွက်လာလိုက်သည်။

အရင်ရက်တွေက စကားပြောကြတိုင်း မြို့ထဲရောက်ဖြစ်ရင် တွေ့ကြမယ်လေ လို့ Andrew ကို ပြောမိသည်က ဖန်းကျိုးမူအတွက် ပုံမှန်ပြောနေကြ စကားလိုပင်ဖြစ်လို့နေသည်။ မြို့ထဲရောက်တုန်း သူ့ တစ်ကိုယ်ရည်သုံး ပစ္စည်းပစ္စယတွေ အကုန်ဝယ်ဖို့ ကြံရွယ်ထားသည်မို့ အခုသာ Andrew က စိတ်ကူးပေါက်ပြီး တွေ့ဖိုသဘောတူလျင် ဒီ အထုတ်တွေ အပိုးတွေ ဘယ်နားသွားပစ်ထားရမှာပါလိမ့်ဟု တွေးလိုက်မိသေးသည်။

Super market ထဲရောက်သည်နှင့် ဖန်းကျိုးမူက သူဝယ်ဖို့ရာထားသည့် စာရင်းထဲကအတိုင်း တစ်ခုပြီးတစ်ခု ဈေးခြင်းထဲထည့်လိုက်သည်။

ဖန်းကျိုးမူအတွက်က တစ်ခြားစိတ်အပန်းဖြေစရာ ဝါသနာပါနေတာမျိုးလည်း မရှိသည်မို့ ဈေးဝယ်ထွက်ခြင်းကပင် ပျော်ရွှင်ဖွယ်ရာကိစ္စဖြစ်လို့နေသည်။ ဈေးဝယ်သူတွေလည်း သိပ်မရှိတာကြောင့် သိပ်မကြာခင်မှာပင် ဖန်းကျိုးမူ လိုအပ်သည့်ပစ္စည်းတော်တော်များများ ဝယ်လို့ပြီးတော့မည်ဖြစ်သည်။ သူ့ဈေးခြင်းနှင့် လျှော့ဈေးချသည့် အတန်းနားရောက်လာတော့ xxxAndrew ဆိုသည့်အမှတ်တံဆိပ်နာမည်နှင့် အားဖြည့်အစားအစာတစ်မျိုးကို တွေ့လိုက်ရသည်ကြောင့် ပုံရိုက်ယူပြီး Andrew ဆီသို့ စနောက်သည့် အနေဖြင့် ပို့လိုက်သည်။

"အလုပ်သိပ်ရှုပ်နေလို့ အစာစားဖို့တောင် အချိန်မရှိဖြစ်နေပါသလား .. သင့်ရဲ့ နေ့လည်စာအဖြစ် ဒါကို သတိရပါ"

 သင့်ရဲ့ နေ့လည်စာအဖြစ် ဒါကို သတိရပါ"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
အနွေးရပ်ဝန်း{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora